Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်း ရေပြန်ကျပေမယ့် လမ်းပိုင်းပျက်စီးလို့ သွားလာရခက်နေ

မုံရွာ-မန္တလေးလမ်းပိုင်းက ညောင်ပင်ဝန်းရွာမှာ ရေပြန်ကျသွားပေမယ့် လမ်းပိုင်းပျက်စီးသွားလို့ သွားလာရခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ညောင်ပင်ဝန်းမှာ လမ်းပိုင်းကြောင့် တိမ်းမှောက်ခဲ့တဲ့ ကုန်တင်ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)

သြဂုတ် ၁၅၊၂၀၂၆။ ဇေအောင်/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းက ညောင်ပင်ဝန်းရွာမှာ ရေပြန်ကျသွားပေမယ့် လမ်းပိုင်းပျက်စီးသွားလို့ သွားလာရခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းက ညောင်ပင်ဝန်းကျေးရွာမှာ ရေကြီးခဲ့ရာ မနေ့က သြဂုတ် ၁၄ ရက်မှာတော့ ရေသိသိသာသာ ပြန်ကျသွားပေမယ့် ရေတိုက်စားခဲ့လို့ လမ်းပိုင်းပျက်စီးမှုတွေရှိနေကြောင်း၊ မနေ့ကပဲ လမ်းပိုင်းပျက်စီးနေမှုကြောင့် ကုန်အပြည့် ဒိုင်နာကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“လမ်းက ချိုင့်တွေ ဖြစ်နေတယ်။သတိထားမောင်းရမယ်။ လမ်းကြောသိရင် အဆင်ပြေနိုင်ပါတယ်။ စိတ်ချချင်ရင် ကားရှေ့ကထွန်စက်ဆွဲခိုင်းရမယ်”လို့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်တွေထိန်းမောင်းနေရတာကြောင့် ယာဥ်ကြောပိတ်ဆို့နေလို့ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသွားလာမှု အချိန်ပိုပေးနေရတယ်လို့ သိရပါတယ်။

​ရေ​ဘေးဒဏ်အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းကမြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ဆက်စပ်သတင်းများ