Connect with us

Hi, what are you looking for?

သတင်း

မဟာအောင်မြေမှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။

(အာဏာသိမ်းစစ်တပ်က စစ်ဆေးရေးလုပ်ပြီး ဆိုင်ကယ်တွေကို သိမ်းဆည်းနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း ဖြစ်ပါတယ်)

သြဂုတ် ၂၀၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ရက် ည၈နာရီခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ သံလျက်မှော် အနောက်၊ ပင်မ၁၀ ရပ်ကွက်၊ လမ်း၉၀ ၄၂လမ်းအနီးက နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က ကား ၃စီးနဲ့ ရောက်လာပြီး အိမ်ထောင်စုဇယားကြည့်ကာ အသက် ၂၅ ဝန်းကျင် လူငယ် ၁ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။

အဲဒီညမှာဘဲ ည၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၄၃လမ်း၊ ၈၈လမ်းနဲ့ ၈၉လမ်းကြား၊ ဝါးလုံးတံတားအနီးမှာအသက်၂၅ ကျော် လူငယ်၂ဦးကို အာဏာသိမ်းစစ်တပ်က ကား၄စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း မဟာအောင်မြေမြို့နယ်က စိန်ပန်းတစ်ဝိုက်မှာ ပေါ်တာဆွဲတာတွေ များနေလို့ ပြည်သူတွေသတိပြုကြဖို့ Voice Of Mandalay အဖွဲ့က သတိပေးနေပါတယ်။

“ဧည့်စာရင်းစစ်ဆိုပြီးလာတာ။ အိမ်ထောင်စုဇယားထဲက အသက်ကိုကြည့်ပြီး စစ်မှုထမ်းရမယ်ဆိုပြီး ညတွင်းချင်းခေါ်သွားတာ”လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ငွေသိန်းရာချီပေးရင် ပြန်လွှတ်ပေးမယ်ဆိုတဲ့ ငွေညှစ်မှုတွေရှိခဲ့ပြီး အများစုက ငွေမတက်နိုင်ကြတဲ့အတွက် စစ်တပ်ထဲအပို့ခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Voice Of Mandalay အဖွဲ့ရဲ့ သတင်းတွေအရ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့မှာ သြဂုတ် ၁၈ ရက်ကပဲ အောင်မြေသာစံမြို့နယ် ၂၆Bလမ်း၂၂Cလမ်းကြား၊ ၉၁Cလမ်း၊ သီရီမာလာအနောက်အကွက် (၂၀၈)ရွှေလောင်းကြီးရပ်ကွက်က အသက် ၃၀ ဝန်းကျင်လူငယ်တစ်ဦးကို စစ်မှုထမ်းဖမ်းဆီးသွားကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် စက်တင်လာလထဲမှာ စစ်မှုထမ်း အပတ်စဥ် (၂၈)ကို စတင်ဖို့ ကြိုးစားနေပြီး ၎င်းတို့ထိန်းချုပ်ရာဒေသအသီးသီးမှာ ပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်းဆင့်ခေါ်တာတွေ ပြုလုပ်နေပြီဖြစ်ပါတယ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကျောက်ဝိုင်းမှာ ကျောက်မျက်ရောင်းဝယ်ရေးသမားတစ်ဦး ဒီနေ့(သြဂုတ်လ ၁၉ ရက်) မနက်ပိုင်းက ဓားထောက်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ကျောက်သမားအချို့ဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာဟင်းချိုမှုန့်တွေကိုကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဆောင်းပါး

ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ"တဲ့။ သူ့သားလေး...

သတင်း

ပေါ်တာဆွဲခံရပြီး ခလရ(၂၅၆)တပ်ရင်းရောက်နေတဲ့ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူ ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာပါတယ်။