Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မြစ်ကြီးနားလမ်းပိုင်းဖွင့်ပေးဖို့ ကားသမားအချို့ဆန္ဒပြ

မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးနဲ့ ကချင်ပြည်နယ်၊မြစ်ကြီးနားကိုဆက်သွားထားတဲ့ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကိုဖွင့်ပေးဖို့အတွက်အဲဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ကားသမားအချို့က သြဂုတ်လ ၁၉ ရက်က ဆန္ဒပြတာရှိခဲ့ပါတယ်။

သြဂုတ် – ၂၁ ၊၂၀၂၆ /People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးနဲ့ ကချင်ပြည်နယ်၊မြစ်ကြီးနားကိုဆက်သွားထားတဲ့ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကိုဖွင့်ပေးဖို့အတွက်အဲဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ကားသမားအချို့က သြဂုတ်လ ၁၉ ရက်က ဆန္ဒပြတာရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်မန္တလေး – မြစ်ကြီးနားလမ်းပိုင်းအချို့ကိုအသုံးမပြုနိုင်သလိုမိုးကြီးလို့လမ်းပိုင်းတွေပျက်စီးနေတာကြောင့်စစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့အနီးမှာ ကားအစီးရေ အများအပြားပိတ်မိနေတာပါ။

ပိတ်မိနေတဲ့ကားသမားတွေကသြဂုတ်လ၁၉ ရက်မှာတော့အင်းတော်မြို့နယ်၊ မင်းကုန်းရွာအနီးမှာဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကွင်းလမ်းတွေကအရင်ကသွားရတယ် ၊အခုက လမ်းတွေ တအားပျက်တော့မရတော့ဘူး”လို့ ကားသမားတစ်ဦးကပြောထားပါတယ်။

လမ်းပိုင်းကိုအာဏာသိမ်းစစ်တပ်ရော ၊ တော်လှန်ရေးအဖွဲ့ တွေဘက်ကပါ အပြန်အလှန်ပိတ်ထားတာလို့ ဆိုပါတယ်။

လမ်းပိတ်မှုကြောင့်ကုန်ပစ္စည်းတွေပျက်ဆီးဆုံးရှုံးရတာ၊ခရီးသွားတွေနဲ့ ကားသမားတွေပိတ်မိနေတာအပြင်စားဝတ်နေရေးအခက်အခဲတွေဖြစ်လာတာကြောင့် လမ်းတွေအမြန်ဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဆိုကြပါတယ်။

မန္တလေးကနေမြစ်ကြီးနားဆီကို ဧရာဝတီမြစ်အရှေ့ဘက်လမ်းဖြစ်တဲ့ မန္တလေး–မတ္တရာ–ထီးချိုင့်–ကသာဘက်ကတဆင့် မြစ်ကြီးနားကို သွားနိုင်သလို ဧရာဝတီမြစ်အနောက်ဘက်ခြမ်းကနေ မန္တလေး–ရွှေဘို–မြစ်ကြီးနား လမ်းပိုင်းကလည်း သွားနိုင်ပါတယ်။

မြစ်အရှေ့ဖက်ရှိလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားပြီး တိုက်ပွဲတွေကြောင့်ထီးချိုင့်မြို့နားလောက်ကနေစတင်ပြီးလမ်းပိုင်းနဲ့ မြစ်ကူးတံတားတွေပါပိတ်ဆို့နေပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့မန္တလေးက မြစ်ကြီးနားဆီကို စစ်ယာဉ်တန်းနဲ့အတက်အဆင်းပြုလုပ်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ