Connect with us

Hi, what are you looking for?

သတင်း

အင်အားဖြည့်တင်းထားတဲ့ စစ်တပ်က မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမအနီးမှာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဩဂုတ်-၂၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

“မင်းတုန်းအနောက်ခြမ်း ရိုးခြေ(ရခိုင်ရိုးမအောက်ခြေ) ကျေးရွာတွေကို အင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ် ပြောရမယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂ ) ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။

“ထိတွေ့ တိုက်ပွဲတွေ တော့ မရှိသေးဘူး”လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးမှုများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာ ပြန်ပတပ်စွဲနေခဲ့ရပါတယ်။

မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ပထမအကြိမ် ထိုးစစ်မှာရှုံးနိမ့်ခဲ့တဲ့ စစ်တပ်ရဲ့တပ်သားတချို့ကို လက်နက်တွေနဲ့ တော်လှန်ရေးတပ်တွေထံ ထွက်ပြေးလာခဲ့တာရှိပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ဟာ သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ – ၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခါ စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။