Connect with us

Hi, what are you looking for?

သတင်း

ရေကြီးနေတဲ့ ငါးသိုင်းချောင်းမှာလှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံး​နေ

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

(ငသိုင်း​ချောင်းမြို့မှာ သြဂုတ်လ တတိယပါတ်က​ရေကြီး​နေစဥ်။ဓါတ်ပုံ-​ဒေသခံ)

သြဂုတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

ဩဂုတ်လ ၂၇ ရက် ည၉နာရီခန့်က ငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက်တစ်ဦးပျောက်ဆုံးနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“တစ်ယောက်ကလှေကိုဖက်ထားပြီးကျန်နေခဲ့တာ။နောက်တစ်ယောက်ကဂစ်တာမျောသွားလို့လိုက်ဆယ်ရင်းပျောက်သွားတာ။အခုမနက်အထိ မတွေ့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကိုသွားတဲ့လမ်းပိုင်းမှာရှိပါတယ်။လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်‌နေဆဲလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။ လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ ဒေသခံတွေဟာ လှေတွေ၊ စက်လှေတွေနဲ့ ဝါးဖောင်တွေသုံးပြီး သွားလာနေရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ်လ၁၈ရက်နေ့မှာလည်းလူတစ်ဦးရေနစ်သေဆုံးပြီး သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ်လ ၂၇ရက်နေ့အထိ ၁၂ဦးထက်မနည်းသေဆုံးထားပြီး နှစ်ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရေ‌ဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်ကောင်စီက အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နဲ့ ၉နေ့မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါပေမယ့်ရေဘေးဟာပိုမိုဆိုးရွားလာပြီးဟင်္သာတ၊ရေကြည် ၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ လကုန်ပိုင်းကျရင် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ကြုံနိုင်ခြေ ရှိနေကြောင်း မိုးလေဝသ ဌာနက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။