Connect with us

Hi, what are you looking for?

သတင်း

ရေကြီးနေတဲ့ ငါးသိုင်းချောင်းမှာလှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံး​နေ

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

(ငသိုင်း​ချောင်းမြို့မှာ သြဂုတ်လ တတိယပါတ်က​ရေကြီး​နေစဥ်။ဓါတ်ပုံ-​ဒေသခံ)

သြဂုတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

ဩဂုတ်လ ၂၇ ရက် ည၉နာရီခန့်က ငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက်တစ်ဦးပျောက်ဆုံးနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“တစ်ယောက်ကလှေကိုဖက်ထားပြီးကျန်နေခဲ့တာ။နောက်တစ်ယောက်ကဂစ်တာမျောသွားလို့လိုက်ဆယ်ရင်းပျောက်သွားတာ။အခုမနက်အထိ မတွေ့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကိုသွားတဲ့လမ်းပိုင်းမှာရှိပါတယ်။လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်‌နေဆဲလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။ လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ ဒေသခံတွေဟာ လှေတွေ၊ စက်လှေတွေနဲ့ ဝါးဖောင်တွေသုံးပြီး သွားလာနေရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ်လ၁၈ရက်နေ့မှာလည်းလူတစ်ဦးရေနစ်သေဆုံးပြီး သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ်လ ၂၇ရက်နေ့အထိ ၁၂ဦးထက်မနည်းသေဆုံးထားပြီး နှစ်ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရေ‌ဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်ကောင်စီက အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နဲ့ ၉နေ့မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါပေမယ့်ရေဘေးဟာပိုမိုဆိုးရွားလာပြီးဟင်္သာတ၊ရေကြည် ၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂျပန်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။