Connect with us

Hi, what are you looking for?

သတင်း

စင်းခန်းတံတားပြန်ရယူဖို့ နဲ့ ဗန်းမော်ကိုစစ်ကူဖြည့်ဖို့ စစ်တပ်က ကြည်း၊ရေ၊လေသုံးထိုးစစ်ဆင်နေဟု KIAပြော

ရွှေကူတိုက်ပွဲ စစ်တပ်အရာရှိ အပါအဝင်သေဆုံးထိခိုက်မှုများ

(၂၀၂၄ မေ ၇ ရက်က စင်းခန်းရွာသိမ်းပြီးနောက် ဧရာဝတီမြစ်ကူးတံတားပေါ်မှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-ကချင်တောင်တန်း)

ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းတံတားကို ပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ ဗန်းမော်မြို့ကို စစ်အင်အားလက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြည်း၊ရေ၊လေ အသုံးပြုတိုက်ခိုက် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။

ဩဂုတ်၂၉ရက်မှာရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးဆန် တက်လာတဲ့စစ်သင်္ဘောတွေကိုKIAနဲ့ပူးပေါင်းတပ်​တွေက ခုခံတိုက်ခိုက်ခဲ့ကြောင်းအသိပေးရာမှာစစ်တပ်ကလေကြောင်း၊ရေကြောင်း ၊ကုန်းကြောင်းက စစ်ရေးလှုပ်ရှား တိုက်ခိုက်နေတဲ့ အခြေအနေကို ဖော်ပြခဲ့တာပါ။

သြဂုတ် ၂၉ ရက်မှာ စစ်သင်္ဘောတွေတိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိမရှိ KIAက ဖော်ပြမထားပေမဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့ဘက်ကို ပြန်ဆင်းသွားတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရတော့ ရှေ့ပြေးစစ်သင်္ဘော နှစ်စီးအနက် ၁စီးဟာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်သွားသလို သေဆုံးထိခိုက်မှုလည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောကို ရွှေကူမြို့နယ် သင်္ဘောအင်းရွာရဲ့ အထက်ဘက် ကြက်တူရွေးနှုတ်သီး ရဲ့အောက် တနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စစ်သင်္ဘောတွေကို Y12 လေယာဉ်များနဲ့ လုံခြုံရေးယူတာတွေ ဧရာ၀တီမြစ်ကြောင်းတလျှောက်မှာနေတဲ့ ရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေဆက်တိုက်ပြုလုပ်နေတာကြောင့် KIOက ပြည်သူတွေ သတိနဲ့ တိမ်းရှောင်နေထိုင်ကြရန် သတိပေး နှိုးဆော်ထားကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၁၁)နဲ့ တပ်မဟာ (၈)ဒေသအတွင်းဘက်ကို စစ်ကော်မရှင်ဘကက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း အသိပေးပါတယ်။

ရွှေကူမြို့နယ်အတွင်းသြဂုတ်၂၉ ရက်ကတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

ဩဂုတ် ၂၉ရက်က စစ်သင်္ဘောတွေ တိုက်ခိုက်ရာမှာ စစ်တပ်က ၁၆ဦးလောက်သေဆုံးသလို မြေပြင်တိုက်ပွဲမှာလည်း အရာရှိ သေဆုံးမှုရှိတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးကအသိပေးထားပါတယ်။ မြေပြင်တိုက်ပွဲမှာ ဗိုလ်မှူးအဆင့် အရာရှိ ကျဆုံးခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ဗိုလ်မှူးကျဆုံးတဲ့ တိုက်ပွဲဟာ ဧရာ၀တီမြစ်ဘေး ဇင်းဘုံရွာအနီး ဖြစ်တဲ့ တိုက်ပွဲမှာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ဇင်းဘုံကျေးရွာမှာသြဂုတ်၂၉ ရက်မနက်ပိုင်းတပိုင်းလုံးတိုက်ပွဲပြင်းထန်ခဲ့တာလို့ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)ဟာ မီးရထားလမ်းနဲ့ ကားလမ်းပါဝင်တဲ့ တံတားဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ အဲဒီတံတားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ၂၀၂၄ မေလ ၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook