ဩဂုတ်၃၁၊၂၀၂၆၊ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဝဲလောင်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ People Defense Force (TTA-PDF) ဒရုန်းတာဝန်ခံက ပြောပါတယ်။
ကျောက်ပတောင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဝဲလောင်ရွာမှာ အထိုင်ချထားစဉ် ဩဂုတ်၂၅ရက်ကစတင်ကာ လက်နက်ကြီး၊ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ တောင်သာ PDFရဲ့ ဒရုန်းတာဝန်ခံက ပြောပါတယ်။
” စစ်ကြောင်းက ကျောက်ပတောင်းကနေ ဝဲလောင်ရွာကိုအထိုင်ချ ရပ်နားနေတာ။အဲဒီအချိန်မှာ ကျွန် တော်တို့ TTA PDF From Team၊လက်နက်ကြီးက နေ့တိုင်းနီးပါး စခန်းပတ်လည်က နေ ပိတ်ဆို့ပြီးချခဲ့တယ်။ကျွန် တော်တို့ တိုက်ခိုက်မှု တွေအပြီးမှာ လက်နက်တွေနဲ့ ရမ်းဖောက်တယ်။ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ကျေးလက်ဆေးဆရာမတွေခေါ်ပြီး ဆေးကုခိုင်းတယ်လို့ သိရတယ် “လို့ ဒရုန်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement
ဩဂုတ်၂၅ရက်ကနေ ၂၈ရက်အထိ တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုရှိကာ ဒဏ်ရာရသူ တွေကို ဝဲလောင်စခန်းအနီးက ကျေးလက်ဆေးခန်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ကျောက်ပတောင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


















































