Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို စစ်တပ်က ထပ်ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

(မင်းတပ်မြို့နယ်က ကျေးရွာကို စစ်တပ်ကဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်သူ့တပ်မတော်)

စက်တင်ဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

စက်တင်ဘာ ၃ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ ရှေ့တန်းနယ်မြေဖြစ်လို့ အထိအခိုက် သတင်းတွေ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဩဂုတ် ၃၀ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီးရှိကျေးရွာ ၁ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၃၀ရက် ညနေ မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးခဲ့တဲ့ ပြည်သူ ၈ဦးအနက် မူလတန်းကျောင်းသား ၂ဦး၊ ၉တန်းကျောင်းသူ ၁ဦး နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲနေတာဖြစ်ပြီး လေကြောင်းဗုံးကြဲတာတွေ အချိန်မရွေး ပြုလုပ်နေလို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ဖို့ CPU/CPAက တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းတောင်ပိုင်းဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ၂၀၂၆ မေလက စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ ၃လကျော်ကြာနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။