Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

(မင်းတုန်းမြို့နယ်တနေရာမှာ တွေ့ရတဲ့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − သရက်ခရိုင်အမှတ်(၄)တပ်ရင်း)

စက်တင်ဘာ−၄၊၂၀၂၆။ဖိုးသား/People’s Spring

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

စစ်ကြောင်းတွေက ရိုးအခြေကျေးရွာတွေကတဆင့် စစ်ကြောင်းထိုးတက်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်းတွေနဲ့ ပကဖ ရဲဘော်တွေက ခုခံ၊ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“စခ တွေဘက်ကလည်း မင်းတုန်းမြို့ဘောလုံးကွင်းမှာ ထိုင်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရိုးခြေတစ်လျှောက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ခု ဖြန့်ခွဲပြီးထိုးနေတယ်လို့ သူက အသိပေးပါတယ်။

ဩဂုတ် နောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်း ၁ခုကို သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မတရားပေါ် တာဆွဲထားတဲ့ စစ်မှုထမ်း(ပစ)အများအပြားကို အသုံးချထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ရေးအသာစီးရယူဖို့အတွက် လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေပေမယ့် လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာကျရှူံးနေတယ်လို့ အသိပေးပါတယ်။

“ပစ တွေ အရမ်းများတယ်။စစ်တပ်က အသုံးချနေတာပေါ့။နေတိုင်းထွက်ပြေးလာတဲ့သူတွေရှိသလို ဖမ်းမိတဲ့သူတွေလည်းရှိတယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၃၀ ရက်က ပြောထားပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဆီ စစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး ရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေးရွာ၊ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာ တပ်စွဲထားပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ခန့်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုးမပေါ်တက်တဲ့တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။

နောက်ထပ်စစ်ကူအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ရွှေမင်းဂံရေတပ်စခန်း နဲ့ အမြင့်ကျွန်း အနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာ​နေ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နတ်​ရေကန်မှာစစ်တပ်ဘက်က ဆယ်ချီသေဆုံးပြီး လက်နက်ချအလင်းဝင်သူတွေ ရှိကာ တပ်လန်ကျ