Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းအနောက်ခြမ်းတိုက်ပွဲစစ်တပ်​သေဆုံးထိခိုက်သူများလို့ ဗုံးကြဲ

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(မင်းတုန်းမြို့နယ်အတွင်း သြဂုတ်လတိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ PDF ​တွေ။ဓါတ်ပုံ-သရက်ခရိုင်အမှတ် ၄ တပ်ရင်း)

စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မင်းတုန်းအနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးစားနေတာကြောင့် နေ့စဉ်နီးပါးတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေတော့ဖြစ်နေဆဲပဲ။မနေ့က ၁၂ နာရီလောက်မှာ ဂျက်၂စီးနဲ့ တိုက်ပွဲဖြစ်ရာနေရာတွေကို ဗုံးလာကြဲတယ်”လို့ မင်းတုန်းမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ရိုးမအခြေအနီးမှာရှိတဲ့ ရွာတွေကတဆင့် ရိုးခြေ တောတွင်းထဲကို စစ်တပ် စစ်ကြောင်းတွေ ဖြန့်ကျက်၀င်ရောက်နေတယ်လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ‌အသိပေးပါတယ်။ရိုးခြေတစ်လျှောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အနည်းဆုံး စစ်ကြောင်းသုံးခု ရှိနေတယ်လို့ သိရပါတယ်။

“ပစ(စစ်မှုထမ်း)တွေသုံးပြီး စစ်တပ်က ကျားထိုးတက်နေတာ။ပြောရရင်အသေခံတက်ခိုင်းနေတာ။သေတာလည်းမနည်းဘူးကြားတယ်”လို့ မင်းတုန်းမြို့နယ်ကာကွယ် ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက လက်ရှိ တိုက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင်ဩဂုတ်လနောက်ဆုံးပတ်ကမင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတခုကို သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့စစ်မှုထမ်း(ပစ) အများအပြားကို အသုံးချထားတယ်လို့ သိရပါတယ်။စစ်တပ်က စစ်ရေး အသာစီးရယူဖို့အတွက် လေကြောင်း လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့ အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေပေမယ့် စစ်မြေပြင်မှာအထိနာနေတယ်လို့ အသိပေးပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမ နဲ့ အနီးစပ်ဆုံးနေရာတွေ ဆီ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင် အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး ရခိုင်ရိုးခြေရွာတွေ ဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ ကနဦးတပ်စွဲခဲ့ပါတယ်။

စစ်တပ်ကဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီးအောင်ဇော်မင်း)ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ထိုးစစ်လန်ကျပြီးရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။

နောက်ထပ်စစ်ကူအင်အားတွေကအောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂ )ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။