Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမအခြေ တိုက်ပွဲစစ်တပ်ဘက်ကဒုဗိုလ်မှူးကြီးနှစ်ဦးသေဆုံးဟုဆို

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

(စက်တင်ဘာလဆန်းက မင်းတုန်းမြို့နယ်အတွင်းတိုက်ပွဲမှာPDF ​တွေက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေ။ဓါတ်ပုံ-သရက်ခရိုင် အမှတ်(၄)တပ်ရင်း )

စက်တင်ဘာ-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတာပါ။ စက်တင်ဘာလဆန်းကတိုက်ပွဲမှာတပ်မ(၅၅)လက်အောက်ခံ

တပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်

Public Service Announcement

Public Service Announcement

“တပ်မ(၅၅)ကို မင်း‌တုန်းရော ၊စစ်‌တွေရော ပို့ထားတာ။မင်းတုန်းဂွင်မှာက ဩဂုတ်လလယ်ကစပြီးထိတာ။နယ်မြေမကျွမ်းကျင်တဲ့အပိုင်းတွေပါတယ်။ပစတွေကလည်း စစ်မတိုက်တတ်ဘူး။ အရာရှိတွေကိုယ်တိုင်လည်း စိတ်မပါတော့ အကျိုးဆက်တွေ မကောင်းဘူး”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် တိုက်ပွဲမှာ သေဆုံးတဲ့ သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။ အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်​​နေပြီး စစ်တပ်စစ်​ကြောင်း​တွေ​သေဆုံး ဒဏ်ရာရသူများပြီး​​ ရှေ့မတိုးနိုင်ဘဲလန်ကျ​နေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။

လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်​တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရ​နေပြီလို့ ​ပြောဆိုရေးသားနေကြ​ပေမယ့် မြေပြင်မှာ စစ်သား​တွေထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်​ရေးသတင်းရင်မြစ်​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

တပ်ရင်းမှူး အပါအဝင် စစ်တပ် အလောင်းတွေနဲ့ လက်နက်တွေ KIA ပူးပေါင်းတပ် သိမ်းရ