Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ စုံ၊မ ကားစနစ် ၆လအကြာမှာ ပြန်ဖျက်သိမ်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

(ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ဖို့တန်းစီ​နေတဲ့ကား​တွေကို မတ်လဆန်းက​ တွေ့ရစဥ်။ဓာတ်ပုံ-PS)

စက်တင်ဘာ-၉၊၂၀၂၆။သတိုး/People’s Spring

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေး အကြောင်းပြချက်နဲ့ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းမှာ ‌ကားတွေကို နံပါတ်စဉ်အလိုက် စုံရက်၊ မရက်ခွဲပြီး အပြင်ထွက်ဖို့ ထုတ်ပြန်ခဲ့တာပါ။

ကားတွေကို ပုံမှန်အတိုင်း မောင်းနှင်ခွင့်ပေးပေမယ့် ဆီ‌ဆိုင်တွေမှာတော့ စုံ၊မ ရက်စနစ်နဲ့ QR Code သတ်မှတ်ချက်တွေနဲ့ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ထူးခြားပြီးဝမ်းသာမှုမရှိသလို ဘယ်သူ့ကိုမှလည်း ကျေးဇူးတင်စရာမရှိပါဘူး။လုပ်ပိုင်ခွင့်တခုရှိရင် လုပ်စားသွားကြတာတွေပဲ ပြည်သူ့မေတ္တာခံယူသွားကြရတာပါ” လို့ ယာဉ်မောင်းတစ်ဦးက စုံမ ကိစ္စဖျက်သိမ်းတဲ့အပေါ် မှတ်ချက်ပေးပါတယ်။

စစ်တပ်က စုံ ၊ မ စနစ် ပြဌာန်းဆိုတဲ့ကာလမှာ မလိုက်နာသူတွေကို ဒဏ်ကြေးငွေ ၊ ထောင်ဒဏ်စတာတွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေပါဝင်တဲ့ စုပေါင်းအဖွဲ့က စုံရက်မှာ ထွက်တဲ့ မကား ၊ မရက်မှာ ထွက်တဲ့ စုံကားတွေကို ငွေတောင်းတဲ့ ကိစ္စတွေရှိခဲ့ပါတယ်။

စုံ၊မ ဖမ်းဆီးတဲ့အဖွဲ့ကို ပြည်သူတွေက အသုတ်စုံလို့ နာမည်ပေးထားပြီး အဲဒီအဖွဲ့ရှိတဲ့နေရာကို ရှောင်ရှားသွားလာဖို့ အချင်းချင်းအကူအညီပေးခဲ့ကြတာတွေရှိပါတယ်။

စုံ၊မ စနစ်က အဆင်မပြေမှုတွေကြုံနေရတာကြောင့် ပြီးခဲ့တဲ့လတွေကတည်းက ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပေမယ့် စစ်တပ်က ၆လအကြာမှ ဖျက်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။