နိုဝင်ဘာ ၅၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ ညဘက်သွားလာတဲ့ ယာဥ်ငယ် တွေကို အုပ်စုဖွဲ့ တိုက်ခက်လုယက်တာတွေ လက်တလောမှာ ပိုမိုဖြစ်ပွားလာပြီး အမျိုးသား၁ ဦး ရိုက်နှက်လုယက်ခံရပါတယ်။
နိုဝင်ဘာ ၂ ရက် ည ၁၀ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကုတင် ၃၀ဝ ဆေးရုံကြီးရှေ့ ၊ ၆၂ လမ်းနဲ့ ၁၀၂A လမ်းထောင့်မှာ ဆိုင် ကယ်နဲ့ ပြန်လာတဲ့ အမျိုးသား ၁ဦးကို အခြားဆိုင်ကယ် ၂စီးနဲ့ အမျိုးသားတွေက အုပ်စုဖွဲ့ ကပ်လိုက်လာပြီး ရိုက်နှက် လုယက်လို့ ဘယ်ဘက်လက် လေးပိုင်းကျိုးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
” ပြန်ခုခံလို့ ဆိုင်ကယ်ပါမသွားတာ။ လုတဲ့သူက R Start ၂စီးနဲ့လုတာ။ အိုးဝေသမားရောက်လာလို့ လုတဲ့သူတွေထွက်ပြေးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အလုခံရသူဟာ ၆၂ လမ်းပေါ်မှာပဲရှိတဲ့ မနော်ရမ္မံညစျေးတန်းကနေ မုန့်စားပြီးပြန်အလာမှာ လုယက်ခံရတာဖြစ်ပြီး ညစျေးပြန်လာသူတွေကို ပစ်မှတ်ထားစောင့်ဆိုင်းလုယက်နေတာဖြစ်ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းကပဲ ၆၂ လမ်းပေါ်မှာ အိုးဝေတစ်စီး လုယက်ခံလိုက်ရကြောင်းဒေသခံအချို့က ပြောပါတယ်။
၆၂လမ်း ပေါ်နဲ့ သိပ္ပံလမ်းမကြီး တလျှောက်အပါအဝင် မန္တလေးမြို့ပေါ်မှာ လုယက်သူတွေ ကြီးစိုးနေပြီး အာဏာသိမ်းစစ်တပ်ကလည်း ဖမ်းဆီးခြင်းမရှိကြောင်း မြို့ခံတွေက ပြောပါတယ်။ လုယက်သူတွေထဲမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါဝင်နေကြောင်း သိရပါတယ်။





















































