Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

နိုဝင်ဘာ ၅၊၂၀၂၆။သုည/Peoples Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M) မှ ဦးဆောင်ပြီး လန်ဒန်မြို့ရောက် တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုနဲ့ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း လန်ဒန်ရောက်မြန်မာတွေက ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ တရားမဝင်လွှတ်တော်နဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးကို လုံးဝလက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ပြည်သူတွေအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တော်လှန်ရေးကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့အပေါ် ထောက်ခံမှု၊ တိုင်းရင်းသားလူမျိုးစုများအကြား စည်းလုံးညီညွတ်ရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့ကိုလည်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

“အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်!” ၊ “FREE HER NOW! FREE HER NOW!” ကြွေးကြော်သံတွေနဲ့ ကမ်ပိန်းလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook