Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတည်ငြိမ်​ရေးပျက်အောင် လှုံ့ဆော်တယ်ဆိုပြီး Followers ၄ ဦးသာရှိတဲ့ TikTok အကောင့်ပိုင်ရှင်ကို စစ်တပ် ဖမ်းဆီး

နိုင်ငံတည်ငြိမ်ရေး ပျက်ဖို့ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး Followers ၄ ဦးသာရှိတဲ့ TikTok အကောင့်ပိုင်ရှင်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

(ဖမ်းဆီးခံရသူ ကိုဇော်လွင်၏ TikTok အကောင့်အား တွေ့ရစဥ်)

နိုဝင်ဘာ ၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

နိုင်ငံတည်ငြိမ်ရေး ပျက်ဖို့ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး Followers ၄ ဦးသာရှိတဲ့ TikTok အကောင့်ပိုင်ရှင်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီခန့်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းကုန်းကျေးရွာနေ ကိုဇော်လွင်ဆိုသူကို အာဏာသိမ်းစစ်တပ်က ကျေးရွာအထိရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဖမ်းဆီးခံရတဲ့ ကိုဇော်လွင်ဟာ သူ့ရဲ့ @uzawlwin 731 ဆိုတဲ့ TikTok အကောင့်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

@uzawlwin 731 ရဲ့အကောင့်ဟာ Followers ၄ ဦးသာရှိပြီး ကိုယ်ပိုင်ရုပ်သံတစ်ခုမှ တင်ထားတာ မတွေ့ရပါဘူး။ သို့သော် (Facebook လိုဆိုရင် Share တာနဲ့တူတဲ့) reposted မှာတော့ သြဂုတ် ၂၄ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလည်းမုန်း ကြိတ်ပြီးလည်း ကြည်ညိုနေတဲ့ မင်းအောင်လှိုင်ဆိုတဲ့ post၊ သြဂုတ် ၁၃ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလာတဲ့အခါ မတူညီတဲ့မြင်ကွင်း ယှဥ်တွဲပြထားတဲ့ ရု​ပ်သံတွေကို ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ကိုရှင်းသန့်က ယခုလို ထင်မြင်ချက်ပေးပါတယ်။

“ဒါကတော့ စစ်အာဏာရှင်ရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေများစွာထဲက တစ်ခုပေါ့ဗျာ။ တခြားသောအကြောင်းအရာမဟုတ်သေးဘဲနဲ့ ဒီလိုမျိုး လူမှုကွန်ရက်မှာ အပျော်သဘောနဲ့ပဲဖြစ်ဖြစ် စိတ်ခံစားချက်ကို လွတ်လပ်စွာ ရေးသားပြောဆိုထုတ်ဖော်ခွင့်တောင် မရတဲ့ အနေအထားကို ကျနော်တို့ ပြည်သူလူထုက ရင်ဆိုင်နေရတာဖြစ်တယ်။ စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းမှာပဲဖြစ်ဖြစ် ဒီမိုကရေစီကို ဘယ်လိုဖော်ဆောင်နေပါတယ် ပြောပြော ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ရေးသားပြောဆိုထုတ်ဝေခွင့်ကိုတောင် အာမခံချက် ပေးမထားနိုင်တဲ့ ဖြစ်ရပ်ဖြစ်တယ်။ ဒါက စစ်အာဏာရှင် အာဏာရူးပြီးတော့ အာဏာသိမ်းထားတဲ့နိုင်ငံမှာတော့ ဒါမထူးဆန်းတဲ့ ဥပမာတွေထဲက တစ်ခုလို့တော့ ပြောလို့ရမယ်လို့ မြင်ပါတယ်”လို့ ကိုရှင်းသန့်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ TikTok အကောင့်ပိုင်ရှင် ကိုဇော်လွင်ကို စကားအင်းအမြန်လမ်းရဲစခန်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ဖေဖော်ဝါရီ ၁ ရက်ကနေ ယခု ၂၀၂၆ နိုဝင်ဘာ ၆ ရက်အထိ မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရသူ ပြည်သူ စုစုပေါင်း (၃၂၂၇၈) ဦး ရှိကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူတွေထဲက ထိန်းသိမ်း ခံနေရဆဲလို့ အတည်ပြုနိုင်သူ (၁၅၁၁၉) ဦးနဲ့ အတည်ပြုဖို့ လိုအပ်ဆဲ (၇၇၄၇) ဦး ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။