Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့မူဝါဒနဲ့ စည်းကမ်းတွေလိုက်နာဖို့ KIA တပ်မဟာ(၉) သတိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KIA ကွပ်ကဲမှုအောက်က ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တပ်ဖွဲ့ဝင်တွေ အနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခ မဖြစ်စေဖို့ တပ်ဖွဲ့ရဲ့ မူဝါဒတွေစည်းကမ်းတွေကို လိုက်နာဖို့ ညွှန်ကြားတဲ့ စာတစ်စောင်ကို KIA တပ်မဟာ(၉)က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဆီကို နိုဝင်ဘာ ၁၀ရက် နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

နိုဝင်ဘာ-၁၂၊ ၂၀၂၆။ People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KIA ကွပ်ကဲမှုအောက်က ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တပ်ဖွဲ့ဝင်တွေ အနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခ မဖြစ်စေဖို့ တပ်ဖွဲ့ရဲ့ မူဝါဒတွေစည်းကမ်းတွေကို လိုက်နာဖို့ ညွှန်ကြားတဲ့ စာတစ်စောင်ကို KIA တပ်မဟာ(၉)က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဆီကို နိုဝင်ဘာ ၁၀ရက် နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

ကချင်ဘာသာနဲ့ ရေးသားထားတဲ့ သတိပေးစာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာကို လေးစားလိုက်နာကြရမယ်လို့ ဖော်ပြပြီး စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုတွေ မရှိစေရေးအတွက် သတိပေးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲဝင်တွေအနေ နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ အတင်းအဓမ္မ ဥပဒေမဲ့ အကြပ်ကိုင်တာ၊ လမ်းခရီးသွားလာရာမှာ တပ်ဖွဲ့ရဲ့ မူဝါဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် မူဝါဒ လမ်းစဉ်အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အထူးသတိပေးကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သမိုင်းဝင် ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့ နေရာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လက်နက်ကိုင်ဆောင်ကာ ဝင်ရောက်ခြင်း လုံးဝမပြုလုပ်ကြဖို့လည်း သတိပေးတားမြစ်ထားပါတယ်။

အဲဒီ သတိပေးချက်ကို ရှေ့တန်း၊ နောက်တန်းနဲ့ ဌာနချုပ်က အရာရှိ အရာခံ စစ်သည်အားလုံးလိုက်နာဆောင်ရွက်ကြဖို့ ဖော်ပြထားပါတယ်။

KIO အဖွဲ့အစည်းမှာ တပ်မတော်အဖြစ် KIA ရှိသလို အုပ်ချုပ်ရေးပိုင်းက ကွပ်ကဲတဲ့ MHH လို့ ခေါ်တဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေလည်း ရှိပါတယ်။ KPDFကတော့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတာဖြစ်ပြီး KIAရဲ့ ကွပ်ကဲမှုအောက်ရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသက အရပ်သားတစ်ဦးကို ရိုက်နှက်တဲ့ ဖြစ်စဉ်မှာဆိုရင်လည်း ကိုးကန့်တပ်ဖွဲ့ဝင်နဲ့အတူ တွေ့ရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟာ MHH ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တအာင်းအဖွဲ့အစည်းတွေကတော့ အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ ကိုးကန့်တပ်ကို အရေးယူပေးဖို့၊ တရားမျှတမှုရှိစွာ ဆောင်ရွက်ပေးဖို့ စာထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook