Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် ၂ဦး ဒဏ်ရာရ

‎ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးကျေးရွာကို ‎အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဓမ္မာရုံ (၁) ရုံလည်း ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

(‎ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးကျေးရွာကို ‎အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုများ။ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

‎

‎နိုဝင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎

‎ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးကျေးရွာကို ‎အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဓမ္မာရုံ (၁) ရုံလည်း ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

‎

‎KNU အုပ်ချုပ်မှုနယ်မြေ သတ်မှတ်ချက်အရ ခလယ်လွီထူခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ် ထီးဝါးဘွေးခီး ကျေးရွာအုပ်စုအတွင်းရှိ ဝါးဖြူတောင်(ကျိုက်ထီးရိုးလေး)ကို စစ်တပ်က နိုဝင်ဘာ ၁၀ရက် မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ ခဲ့တာဖြစ်ပါတယ်။

‎

‎စစ်တပ်က ပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျိုက်ထီးရိုးလေးရှိ ဓမ္မာရုံ (၁)ရုံ ထိမှန်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင် အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု ဖော်ပြထားပါတယ်။

‎

‎အာဏာသိမ်းစစ်တပ်ဟာ ရွှေကျင် မြို့နယ်ကို နိုဝင်ဘာပထမပတ်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

‎

နိုဝင်ဘာ ၆ရက်မှ စတင်ကာ စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာလို့ ထီးဝါးဘွေးခီး ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၄) ရွာ နဲ့ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁) ရွာ စုစုပေါင်း ကျေးရွာ (၅) ရွာမှ ဒေသခံ ပြည်သူ ၁၃၀၀ ဦးကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

‎

‎အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေအတွင်းရှိ အရပ်သားတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook