Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ် ရခိုင်ရိုးမအ​ခြေမှာတိုက်ပွဲပြင်းထန်​နေ

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

(၂၀၂၆ စက်တင်ဘာလက ရခိုင်ရိုးမအ​ခြေ သဖန်း​ရောင်အနီးတိုက်ပွဲမှာ စစ်တပ်ထံက လက်နက်ခဲယမ်း​တွေကို AA ကသိမ်းပိုက်ရရှိခဲ့စဥ်။ ။ဓါတ်ပုံ-AA Info Desk)

နိုဝင်ဘာ-၂၈၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးခြေမှာ အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားလာလို့ အခုရက်ပိုင်းတိုက်ပွဲဆက်တိုက်ဖြစ်နေတာလို့ သိရပါတယ်။

“၂၃ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေတာ။ရိုးအခြေတွေမှာပါ။ ​ေးတွေရှေ့တိုးလာလို့ ဖြစ်နေတာ”လို့ မင်းတုန်းမြို့နယ်မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၂၃ ရက်က ရိုးခြေအနီးမှာရှိတဲ့ ၀က်ကော်ကျေးရွာအုပ်စု ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငယ်တခုကို AA က သိမ်းပိုက်ခဲ့ပါတယ်။အဲဒီစခန်းမှာ စစ်တပ်ကအင်အားငါးဆယ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စိန်ပြောင်းတွေအပါအဝင် လက်နက်ခဲယမ်းတွေသိမ်းရခဲ့တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောထားပါတယ်။

AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်စခန်းဟာ မကွေးတိုင်း မင်းတုန်းနဲ့ ရခိုင်ပြည်နယ် တလိုင်းတောင် သစ်ထုတ်လမ်းပေါ်၊ မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ခြောက်မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်တပ်က အခိုင်အမာအခြေချဖို့ ပြင်ဆင်နေတဲ့ တပ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သဖန်ရောင်နဲ့ ငါးမိုင်ဝန်းကျင်အကွာက ကံကြိုးရွာဝန်းကျင်မှာလည်း စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ရိုးမပေါ်ကိုထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်ရိုးမပေါ်ကို ခြေကုပ်ရယူဖို့ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်(ပစ)အများအပြားကိုအသုံးပြုပြီး အသေခံ တက်ခိုင်းနေပေမယ့် တိုက်ပွဲ​တွေအတွင်းသေဆုံးဒဏ်ရာရသူများနေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးဆုံးနေရာဖြစ်တဲ့မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်၊ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာလည်း စစ်တပ်ရဲ့နောင်ချန် အင်အားတစ်ထောင်၀န်းကျင်နဲ့ တပ်စွဲ ဖြန့်ကျက်ထားတယ်လို့ ‌ဒေသတွင်းစစ်ရေးတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။

အဲဒီအင်အားတွေကို တပ်မ(၅၅)က ဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီး အောင်ဇော်မင်း)ဦးစီးပြီး ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။တိုက်ပွဲတွေအတွင်း ထွက်ပြေးသူ၊ထိခိုက်သူ နဲ့သေဆုံးသူများတာကြောင့် ဩဂုတ်လ နောက်ဆုံးပတ်မှာ စစ်တပ်က နောက်ထပ်စစ်ကူ တွေ ထပ်ပို့ခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ