Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရာထူးကြီးပိုင်းထဲပထမဆုံး​သေနတ်နဲ့အပစ်ခံရတဲ့ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကိုချီးမြှင့်ထားတဲ့ဘွဲ့ သုံးခု မင်း​အောင်လှိုင် ပြန်ရုပ်သိမ်း

​စစ်ကောင်စီလက်အောက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုကို မင်းအောင်လှိုင်က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။

(မင်း​အောင်လှိုင်နဲ့ ဒေါ်သန်းသန်းဆွေတို့ကိုအတူတွေ့ရစဥ်။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

နိုဝင်ဘာ-၂၈၊၂၀၂၆။People’s Spring

​စစ်ကောင်စီလက်အောက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုကို မင်းအောင်လှိုင်က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။

​ပြန်လည်ရုပ်သိမ်းခံရတဲ့ ဘွဲ့တွေကတော့ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့တို့ ဖြစ်ပါတယ်။ စည်သူဘွဲ့ဟာ အခုနှစ် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ကမှ သူ့ကို ချီးမြှင့်ထားတာ ဖြစ်ပါတယ်။ ဘွဲ့တွေကို ဘာကြောင့် ပြန်လည်ရုပ်သိမ်းရသလဲဆိုတဲ့ တရားဝင်အကြောင်းရင်းကိုတော့ မြန်မာနိုင်ငံပြန်တမ်းထဲမှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုရုပ်သိမ်းခံရတာဟာ စစ်ကောင်စီထိပ်ပိုင်း ရာထူးကြီးကြီးယူထားသူ အချင်းချင်းကြား နေရာလုကြရာကနေ ဖြစ်

ပွားခဲ့တာလို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဒါ့အပြင် ပြင်သစ်နိုင်ငံအ​ခြေစိုက် နိုင်ငံတကာ​ငွေ​ကြေးခဝါချမှုတိုက်ဖျက်​ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကိုအမည်ပျက်စာရင်းစာရင်းသွင်းခံထားရပြီး ​၂၀၂၆ နိုဝင်ဘာလက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီလအထိအချိန်​ပေးပြီး ​ငွေ​ကြေးခဝါချမှုတိုက်ဖျက်​ရေးလုပ်ငန်းအ​ခြေအ​​နေတိုးတက်လာ​အောင်လုပ်ခိုင်းထားပါတယ် ။တကယ်လို့ အ​ခြေအ​နေမတိုးတက်လာရင် အပြင်းထန်ဆုံးအ​ရေးယူခံရမှာဖြစ်ပြီးမြန်မာဟာအ​ခြေအ​နေမ​ကောင်းဘူးလို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

​ဒေါ်သန်းသန်းဆွေဟာ စစ်တပ်အာဏာမသိမ်းခင်က ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌ တာဝန်ယူစဉ်က ပြည်တွင်းဘဏ်တွေကို အဓိက ကိုင်တွယ်ခဲ့ပြီး ဘဏ်တွေထဲက အများပြည်သူငွေတွေကို ကန့်သတ်တာ၊ CDM ဘဏ်ဝန်ထမ်းတွေကို အရေးယူဖို့ ဖိအားပေးတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့ ဘဏ်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

​ဒါ့အပြင် ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့ မနက် ၉ နာရီလောက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာက သူ့ရဲ့နေအိမ်ထဲအထိ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သူတို့လင်မယားနှစ်ယောက်လုံး သေနတ်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေထဲမှာ ပထမဆုံး သေနတ်နဲ့ ပစ်ခတ်ခံရသူ ဖြစ်ခဲ့ပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

​သေနတ်နဲဲပစ်ခတ်ခံရပြီး​လေးလအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအထိ တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဧပြီလမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး အခု အောက်တိုဘာလမှာတော့ ချီးမြှင့်ခံထားရတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုစလုံးကိုပါ ပြန်လည်ရုပ်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ