Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ ငွေလွှဲငွေထုတ်အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေ ထပ်အပိတ်ခံရပြန်

ရခိုင်ပြည်နယ်မှာပုဂ္ဂလိကငွေလွှဲ၊ငွေထုတ်ဝန်​ဆောင်မှု​ပေး​နေသူတွေရဲ့ဘဏ်အကောင့်တွေကိုထပ်ပြီး အပိတ်ခံ​နေရတယ်လို့ ဒေသခံတွေနဲ့ ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်နေသူ တွေက ပြောပါတယ်။

(ရခိုင်ပြည်နယ်မှာ ငွေသားထုတ်နေသူတဦးက​ငွေကို​ရေတွက်​​နေစဉ်။ ။ဓါတ်ပုံ - CJ )

နိုဝင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်မှာပုဂ္ဂလိကငွေလွှဲ၊ငွေထုတ်ဝန်​ဆောင်မှု​ပေး​နေသူတွေရဲ့ဘဏ်အကောင့်တွေကိုထပ်ပြီး အပိတ်ခံ​နေရတယ်လို့ ဒေသခံတွေနဲ့ ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်နေသူ တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဘဏ်အကောင့်တွေဟာ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း တကြိမ်အပိတ်ခံခဲ့ရပြီး အခုအခါ ထပ်မံအပိတ်ခံကြရတာဖြစ်ပါတယ် ။နိုဝင်ဘာလကုန်ပိုင်းဘဏ်

အကောင့်ပိတ်ခံရမှုမှာ အ​ကောင့်ဆယ်ချီပါသွားပြီး ကျပ်သိန်းသောင်းချီ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ​ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ပိတ်တဲ့အကောင့်တွေထဲကတချို့ ပြန်ပွင့်တယ်။အခုအဲဒီအကောင့်တွေပဲ အခုပြန်ပါသွားတာ။အကောင့်အသစ်တွေလည်းထပ်ပါသွားတယ်။ဒီတကြိမ်အရင်ကထက်များမယ်ထင်တယ်။မြို့နယ်တိုင်းကအကောင့်တွေပါတယ်။မြေပုံ၊ ကျောက်တော်၊ မင်းပြားဘက်တွေကလည်းပါကုန်တယ်။ကျနော့်အကောင့်လည်းပါသွားတယ်”လို့မြေပုံမြို့နယ်မှ ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတဦးကပြောပါတယ်။

အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတာကြောင့် ဘဏ်အကောင့်ထဲရှိနေတဲ့ ကျပ်သိန်းထောင်ချီပါသွားကြသူ​တွေရှိတယ်လို့ သိရပါတယ်။

“တချို့မှာသိန်းလေးထောင်၊ငါးထောင်ရှိကြတယ်။ အလွှဲ၊ အထုတ်အမြဲတမ်းလုပ်နေကြတဲ့ အကောင့် တွေဆိုတော့ ငွေအများကြီးရှိတယ်” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကဒေသခံတွေ အဓိကအသုံးများတဲ့ KBZ Pay နဲ့ KBZ Mobile Banking အကောင့်တွေ အပိတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဘဏ်အကောင့်တွေ အပိတ်ခံရစဉ်က ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်အတွင်းမှဘဏ်အ

ကောင့်တွေလည်း ပါဝင်ခဲ့ပါတယ်။

အခုလိုဘဏ်အကောင့်တွေပိတ်ခံရတာကြောင့် ရခိုင်မြို့နယ်တွေမှာငွေသားထုတ်

ခတွေဟာလည်း အရင်က ကျပ်တစ်သိန်းကို ကျပ် ၄၅၀၀ ဝန်းကျင်ရှိခဲ့ရာကနေ ကျပ် ၅၀၀၀၊ ၅၅၀၀ ဝန်းကျင်ထိ စျေးတက်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

“အကောင့်တွေ မနေ့က အပိတ်ခံရတာပြောပါတယ်။ဒီနေ့ချက်ချင်းငွေထုတ်ခ တက်သွားတယ်။ ပုံမှန် ၄၅၀၀ နဲ့ ထုတ်နေတာ ၅၅၀၀ ပေးခဲ့ရတယ်” လို့ ငွေအလွှဲ၊ အထုတ်ပုံမှန်လုပ်နေတဲ့ မင်းပြားမြို့နယ်မှ ဆိုင်သည်တဦးက ပြော ပါတယ်။

ပြီးခဲ့တဲ့တခေါက် ဘဏ်အကောင့်တွေ ပိတ်ခံရတုန်းကလည်း ရခိုင်ပြည်နယ်မှာ ငွေသားထုတ်ခဟာ တသိန်းကို ကျပ် ၇၀၀၀ ဝန်းကျင်ထိစျေးတက်နေခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ပြီနောက်ပိုင်း ဘဏ်တွေ ပိတ်သွား တာကြောင့် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေသား ထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေကို အဓိကအားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ရခိုင်မှာကိုယ်ပိုင်ဘဏ်စနစ်တခုလည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး လက်ရှိမှာ ဝန် ထမ်းတွေခေါ်ယူထားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ