Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ လူငယ်တစ်ဦး အိမ်စီးကားနဲ့ ပျောက်ဆုံးနေ

​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကနေ အလုပ်ကိစ္စနဲ့ ကားနဲ့ထွက်သွားတဲ့ အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အကူအညီတောင်းခံနေပါတယ်။

နိုဝင်ဘာ-၂၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကနေ အလုပ်ကိစ္စနဲ့ ကားနဲ့ထွက်သွားတဲ့ အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အကူအညီတောင်းခံနေပါတယ်။

နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က ​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ပေါ်ကနေ သူ့ရဲ့ နက်ပြာရောင် Honda Fit ကားနဲ့ ဆင်းသွားခဲ့ကြောင်း၊ အဲဒီနေ့ ညနေ ၆ နာရီလောက်အထိ အဆက်အသွယ်ရခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူးလို့ ပျောက်ဆုံးသူရဲ့ ညီမဖြစ်သူက သူ့အစ်ကိုကို ပြန်ရှာတွေ့ဖို့ TikTok လူမှုကွန်ရက်ကနေတစ်ဆင့် အကူအညီတောင်းခံနေရပါတယ်။

“အခုက ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ စက်တွေလည်း ပိတ်ထားတယ်”လို့ ၎င်းအမျိုးသမီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အခုလို မိသားစုတွေ သောကရောက်နေချိန်မှာ ကိုသန့်ဇင်ဦးဆိုပြီး ဖုန်းဆက်ကာ စစ်မှုထမ်းကျောင်းရောက်နေလို့ ငွေနဲ့ ရွေးထုတ်ဖို့ဆိုကာ လာရောက်လိမ်လည်တာတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့ထိန်းချုပ်ရာ ဒေသတွေမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လူငယ်တွေ မကြာခဏ ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း နေပြည်တော်က အသက် ၃၄ နှစ်အရွယ် ကားအငှားဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့ အမျိုးသားတစ်ဦး ကားလုယက်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ