နိုင်ငံတကာ ခြေစွမ်းပြနေတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကိုလည်း နောက်တစ်ဆင့်တက် ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ludunwayoo1 နာရီ ago
News စစ်ရေးတင်းမာနေ၍ဂန့်ဂေါနှင့်အခြားမြို့သို့ သွားသည့် လမ်းများကို ငါးရက်ကြာသွားလာခြင်းမပြုရန် PDF သတိပေး စစ်ရေးတင်းမာမှုများကြောင့် ပုလဲ-ဂန့်ဂေါလမ်း၊ ထီးလင်း -ဂန့်ဂေါလမ်း၊ ဂန့်ဂေါ-ဟာခါးလမ်း၊ ဂန့်ဂေါ -ကလေးလမ်း များသို့ စက်တင်ဘာ ၂၇ရက်မှ အောက်တို ဘာ ၁ရက်နေ့အထိ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 27, 2021
News ခင်ဦးတွင် စစ်ယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံး ဒဏ်ရာရဟု NUG ထုတ်ပြန် စက်တင်ဘာ ၂၆ရက်ကလည်း ခင်ဦးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်များ မှန်တောရွာနှင့် အောင်သာရွာ အကြား သွားရောက်မွှေနှောက်ပြီးအပြန်လမ်း တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကားတစ်စီးမီး လောင်ပြီး အနည်းဆုံး ငါးဦးထိခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News ထီးချိုင့်တွင်စစ်ကောင်စီသတင်းပေးဟု လူသိများသူအပါအဝင်မိသားစုဝင်လေးဦး သေနတ်ဖြင့်ပစ်သတ်ခံရ၊ ကလေးငယ်ကို မပစ်ဘဲချန်ခဲ့ ထီးချိုင့်မြို့နယ် အေးချမ်းလွင်ကျေးရွာမှ ကိုဖိုးတုတ်ဆိုသူနှင့် ၎င်း၏ မိသားစုဝင်သုံးဦးကို စက်တင်ဘာ ၂၆ရက်ညနေတွင် လူတစ်စုကလာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News ၈၈ ငြိမ်းပွင့်ရုံးအဖွဲ့မှူးကို စစ်ကောင်စီဖမ်းဆီးပြီး နေအိမ်ကို ချိတ်ပိတ် စက်တင်ဘာလ ၁၉ ရက်၊နေလယ် ၁ နာရီလောက်က စပြီး အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဆိုထားပါတယ်။ LuduNwayOoစက်တင်ဘာ 27, 2021
News စစ်အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို KNDFတိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကလောမြို့မှ ဖယ်ခုံမြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDF ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoစက်တင်ဘာ 27, 2021