သတင်း ဝက်လက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ကျေးရွာအချို့မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ် ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှစစ်ကြောင်း သုံးခုဖြင့် ထိုးနေခြင်းဖြစ်သည်။ LuduNwayOoမတ် 1, 2023
သတင်း ဂန့်ဂေါတွင် စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူ ၁၂၈ဦးအတွက် NUG ဘေးစီမံ ဝန်ကြီးဌာန ထောက်ပံ့ငွေပေးအပ် မြင်သားရွာကိုလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့သည်။ LuduNwayOoမတ် 1, 2023
သတင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ် ၂၀၂၃ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီကချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ မတူပီ ၊ မင်းတပ်မြို့နယ်များ၌လေကြောင်းတိုက်ခိုက်မှု အခြေအနေကိုစုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 1, 2023
သတင်း ဖယ်ခုံတိုက်ပွဲ ပအိုဝ်းပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား ၉ဦးသေ ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း မတ္တရာနယ်တွင် စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းထိပြီး လေးဦးသေဟုဆို ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း ထီးလင်းတိုက်ပွဲရန်သူသုံးဦးသေ၊ လက်နက်တစ်လက်နှင့်ကျည်များရရှိဟုPDF ပြော တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း ရေစကြိုမြို့ စုပေါင်းရုံးကို MBT တပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာရ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People's Springသို့ ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း သရက်ချောင်းမြို့နယ်တွင် အရက်ဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားအချို့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023