Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ခုကို PDFများ တိုက်ခိုက်

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

(စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားအချို့ သိမ်းဆည်းရမိခဲ့စဥ်။ ဓာတ်ပုံ-တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)
(စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားအချို့ သိမ်းဆည်းရမိခဲ့စဥ်။ ဓာတ်ပုံ-တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်း သုံးခုအနက် စစ်ကြောင်းနှစ်ခုကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၁၁နာရီခွဲခန့်က လှတောကျေးရွာမှထွက်လာသော စစ်ကောင်စီအင်အား ၁၀၀ကျော်ပါ စစ်ကြောင်းအား မိုင်းသုံးလုံးဖောက်ခွဲ တိုက်ခို​က်ရာ သုံးဦးသေဆုံးပြီး လေးဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း GZ Special Task Force၏ တာဝန်ခံ ကိုဂျီဇတ်က ပြောသည်။

“တိုက်မိုင်းမိတာတွေလည်းရှိတယ်။ အားလုံးဆိုရင်တော့ ဘယ်နှစ်ဦးထိတယ်ဆိုတာတော့ မသိရသေးဘူး”ဟု GZ Special Task Force၏ တာဝန်ခံ ကိုဂျီဇတ်က ပြောသည်။

အလားတူ ယမန်နေ့ကပင် မုဆိုးခြုံဘူတာသို့ အင်အား ၉၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် မိုးလေး PDFတို့က ပဒေသာမိုင်း ၁၀လုံးအား သုံးကြိမ်ခွဲ၍ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် မုဆိုးခြုံဘူတာကျေးရွာအရောက်တွင်လည်း စစ်မျက်နှာပြင်တစ်ဖက်မှနေရာယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရနိုင်ကြောင်း တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ယနေ့(မတ်လ ၁ ရက်)တွင် နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားအချို့အားသိမ်းဆည်းရမိခဲ့ကြောင်းလည်း တော်ဝင်ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ နေအိမ်အချို့မီးရှို့ခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ အဆိုပါ စစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ကျေးရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။