Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင် စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူ ၁၂၈ဦးအတွက် NUG ဘေးစီမံ ဝန်ကြီးဌာန ထောက်ပံ့ငွေပေးအပ်

မြင်သားရွာကိုလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့သည်။

ဂန့်ဂေါနယ်ရှိ ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)
ဂန့်ဂေါနယ်ရှိ ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့သည့် ရဲဘော်နှင့် ပြည်သူ ၁၂၈ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်သည်။

ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည် သူများ၊စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ကျဆုံးသွားသူများ အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိရာဝန်ကြီးဌာန၏ ထောက်ပံ့မှုအဖြစ် ကျဆုံးရဲဘော်နှင့် ပြည်သူတစ်ဦးစီအတွက် ကျပ်တစ်သိန်းစီ စုစုပေါင်း ၁၂၈သိန်းကျပ် ပေးအပ်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါ ထောက်ပံ့ငွေများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကျေး(ပအဖ)များက ကွင်းဆင်းဆောင်ရွက် ပေးအပ်ခဲ့သည်ဟု ထုတ်ပြန် သည်။

ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် ကူညီပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်း၊ လူထုပိုင် ပစ္စည်းများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ခိုးယူ၊ လုယူခြင်းစသည့် အကြမ်းဖက်မှုများစွာ ကြုံခဲ့ကြရပြီး လက်ရှိအချိန်ထိ တောထဲ၌ တိမ်းရှောင်နေရသူအများအပြားရှိနေသည်ဟု ဂန့်ဂေါမြို့နယ် မြင်သားရွာခံတစ်ဦးက ပြောသည်။

ဂန့်ဂေါနယ်ရှိ ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)
ဂန့်ဂေါနယ်ရှိ ကျဆုံးခဲ့သည့် ရဲဘော်နှင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နေစဉ်၊ ဓာတ်ပုံ – ဂန့်ဂေါ(ပအဖ)

အချို့ရွာများမှာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရသည့် ရွာများရှိနေရာ ဒေသခံများအနေဖြင့် အခက် အခဲများစွာ ကြုံနေကြရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြင်သားရွာ၌ပင် အချို့မှာ ရွာသို့ ပြန်လည်နေထိုင်ကြသော်လည်း အချို့မှာ တောထဲ၌ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ပြောသည်။

မြင်သားရွာကိုလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook