Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ စစ်ကောင်စီလုံခြုံရေးဂိတ်တိုက်ခိုက်ရာ သုံးဦးသေဟု ပကဖပြော

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် မြိုင် - ပကဖ ရဲဘော်များ)
(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် မြိုင် - ပကဖ ရဲဘော်များ)

မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ လုံခြုံရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ညနေ ၄ နာရီ ၄၉ မိနစ်ခန့်က မြိုင်မြို့မြောက်ဘက်တွင် တပ်စွဲသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ၏ လုံခြုံရေးဂိတ်အား မြိုင်တပ်ရင်း (၁)တပ်ခွဲ(၃) နှင့် နံသာမြေအဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ကြာတာ ၁၂ မိနစ်လောက်ပဲ။ သူတို့ဘက်က ၁၈ ဦးလောက်ရှိတယ်။ အတွဲလိုက်ပစ်ခတ်ခဲ့တယ်။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

Public Service Announcement

Public Service Announcement

လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးမှ စစ်အုပ်စုဝင်များ တပ်ကူထွက်လာသောကြောင့် ရဲဘော်များ အလျင်အမြန် ပစ်ခတ်၍ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

တိုက်ပွဲအရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်၍ မြို့နေပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် နီးရာ၌ နေထိုင်ခြင်းမပြုကြရန် မြိုင်(ပကဖ)အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။