Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးဟုဆို

စစ်ကိုင်းတိုင်း ကသာနှင့်ထီးချိုင့်နယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၁၁ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။

ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။

“ခလရ (၃၀၁)က ဖမ်းခေါ်သွားတာ။ တချို့ဆို ရှစ်ရက်ကြာပြီ။ တချို့က ခုနစ်ရက်ကြာပြီ။ အခုထိ လွတ်မလာသေးတဲ့အတွက် အရမ်းစိတ်ပူပါတယ်။ ဘယ်မှလည်း လိုက်လို့မရ၊ လိုက်လည်း မလိုက်တတ်ပါဘူး”ဟု ဖမ်းဆီးခေါ်ဆောင်သွားခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကလုံရွာမှတစ်ဦး၊ အင်းတမွတ်ရွာမှ ငါးဦး၊ ကျောက်ပုံရွာမှ တစ်ဦး၊ သံပရာရွာမှ သုံးဦးနှင့် ညောင်ခြေထောက်ရွာမှတစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။

Public Service Announcement
Public Service Announcement

ဖမ်းခံထားရသူအားလုံးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လုံဝဆက်စပ်မှုမရှိဘဲ အရပ်သားစစ်စစ်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ဖေဖော်ဝါရီ ၂၇ရက်က ကသာမြို့နယ် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုသို့အထိနာပြီးနောက် စစ်ကောင်စီက ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယနေ့(မတ်လ ၁ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်မြို့အနောက်ဘက်ရှိ ကျောက်ပုံရွာနှင့် ကလုံရွာကြားတွင် ရောက်ရှိနေသည်ဟု ကသာမြို့နယ်ပြည့်ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“ကျောက်ပုံနဲ့ ကလုံကြားကနေ တောထဲပြန်ဝင်သွားပြီ။ သူတို့အဖွဲ့တွေ ခွဲ သွားနေကြတယ်။ အရပ်သားတွေတော့ ရှောင်နေကြရပါတယ်”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။