News တိုက်ပွဲတွင်သေဆုံးခဲ့သော စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးကို မိုးညှင်းမြို့ နန့်ပုတ်သုသာန်တွင် သဂြိုလ်၊ ကျန်တပ်ဖွဲ့ဝင်များကို တပ်အတွင်းမှာပင် မီးပုံရှို့ ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ငါးရက်ခန့်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။ LuduNwayOoမတ် 8, 2022
News ဖရူဆိုရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KNDFတိုက်ခိုက်၊ အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေ တိုက်ပွဲဖြစ်စဥ်နှစ်ခုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု KNDFက အသိပေးသည်။ LuduNwayOoမတ် 8, 2022
News မိုးညှင်းတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ဗိုလ်အပါအဝင် ၁၂ဦးသေဟု KPDF(နန်းမား) ထုတ်ပြန် မတ်လ ၇ရက်က မိုးညှင်းမြို့ နန်းမားနှင့် ညောင်ကုန်းကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KPDF(နန်းမား)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည့်အပေါ် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ပြီး သွေးကြွေးပြန်ယူခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoမတ် 8, 2022
News ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုသုံးဦး သေဆုံး သေဆုံးခဲ့သူ လေးဦးမှာ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သန်းလှ၊ (၅)နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်တို့ဖြစ်သည်ဟုဆိုသည်။ LuduNwayOoမတ် 8, 2022
News ဖလမ်းတွင် ငါးရက်အတွင်း စစ်ကောင်စီတပ်က အိမ် ၂၈ လုံးကိုမီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်သည် မတ် ၂ ရက်တွင် ဖလမ်းမြို့နယ်၊ ဒေါက်တက်ကျေးရွာအတွင်း နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။နေအိမ် ၅ လုံးမှာလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ LuduNwayOoမတ် 8, 2022
News ယင်းမာပင်နယ်က ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ဒေသခံများ တိမ်းရှောင်နေရ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်လှောင်ရွာနှင့်အနီးတဝိုက် ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း ရှာဖွေမှုများ လုပ်ဆောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စည်လှောင်ရွာခံတစ်ဦးက ပြောသည်။ LuduNwayOoမတ် 8, 2022
News စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းရှေ့ကနေ တစ်ပတ်ကျော်ကြာ ပျောက်နေ စစ်ကောင်စီ ခေါင်းဆောင်ဟာ အာဏာသိမ်းတဲ့ ရက်ကစပြီး အခုလိုမျိုး ရက်အတန်ကြာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာမျိုး မရှိခဲ့ပါဘူး။ LuduNwayOoမတ် 8, 2022
News ဒီးမော့ဆိုတိုက်ပွဲ အရာရှိအပါအဝင် စစ်ကောင်စီတပ် ထပ်မံသေဆုံးမှုရှိ တိုက်ပွဲဆက်လက်ပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်ခဲ့သည်။ LuduNwayOoမတ် 8, 2022
News မတ် ၁၂ မှ ၁၈ ရက်တွင် ၂၄ နာရီလုံးမပြတ်ဘဲ အချိန်ပိုင်းပြတ်မည်ဟု စစ်ကောင်စီဆိုပြန်၊ ယခုရော မီးဘယ်လိုပေးနေလို့လဲဟု ပြည်သူမေးခွန်းထုတ် “အဲ့နေ့မှာ အပိုင်းလိုက်၊ အချိန်ပိုင်းပဲပေးမယ်တော့ ဒီရက်တွေကော မီးက အချိန်ပြည့်လာလို့လား၊ အခုလည်း တစ်ရက်ကို ၁၀နာရီလောက်ပဲလာတာကိုး”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။ LuduNwayOoမတ် 8, 2022
News ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ချေမှုန်းမည်ဖြစ်၍ မတ်လ၈ရက်စ၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန် တောင်ငူခရိုင် PDF သတိပေး ပြည်သူများအနေဖြင့် ရိုးမအပေါ် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် နှင့်ရိုးမအပေါ် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ဖောကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်မည်ဟုလည်း သတိပေးသည်။ LuduNwayOoမတ် 8, 2022