Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကန်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား ဒေသတွင်းPDF မဟာမိတ်၅ ဖွဲ့က ပဒေသာမိုင်း၊ စိန်ပြောင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အုပ်စုဝင်များ အများအပြားသေဆုံးနိုင်ကြောင်း မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)ကသတင်းထုတ်ပြန်သည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြင်းခြံ Zero ပြောက်ကျားတပ်၏ ဒုခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ နှစ်ဖက် သေဆုံးထိ့ခိုက်မှု အခြေအနေကို People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ။