Connect with us

Hi, what are you looking for?

News

အင်းတော်တွင် စစ်ကောင်စီတပ်နှင့်PDF တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ရှစ်ဦးသေ၊ PDF ရဲဘော်တစ်ဦး ကျဆုံး

ယမန်နေ့(ဧပြီ ၂၉)ရက်နေ့လယ် ၂ နာရီခန့်က အင်းတော်မြို့နယ် မံထုံကျေးရွာအနီး လယ်တဲ ၌ ဒေသကာကွယ်ရေးတပ်များ ခေတ္တနားခိုနေစဥ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း IR တပ်ဖွဲ့က အတည်ပြသည်။

(Indaw Revolution(IR) တပ်ဖွဲ့ဝင်များ)

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေ သကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Indaw Revolution(IR)က ယနေ့(ဧပြီ ၃၀)ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၂၉)ရက်နေ့လယ် ၂ နာရီခန့်က အင်းတော်မြို့နယ် မံထုံကျေးရွာအနီး လယ်တဲ ၌ ဒေသကာကွယ်ရေးတပ်များ ခေတ္တနားခိုနေစဥ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း IR တပ်ဖွဲ့က အတည်ပြသည်။

“ကျွန်တော်တို့အဖွဲ့ရှိနေတဲ့နေရာကို စခတွေလာဝိုင်းတာ။ အဲလိုလာဝိုင်းတာကို အဖွဲ့ထဲကတစ်ယောက်က လှမ်းမြင်လိုက်လို့ ပြန်ပစ်ခွင့်ရခဲ့တယ်။ သူတို့ဘက်က ၈ ယောက်ကျတယ်။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်ကျတယ်”ဟု Indaw Revorlution(IR)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်းတော်မြို့နယ်အနောက်ခြမ်းသို့ ဧပြီ ၂၈ ရက်က အင် အား ၁၀၀ ခန့်ဖြင့် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုစစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်ရန် မံထုံရွာအနီးစောင့်စိုင်းနေသည်ကို စစ်ကောင်စီဘက်မှ သတင်းရသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်က မူလအင်အား ၁၀၀ ခန့်အပြင် နောက်ထပ်အင်အား ၁၀၀ နီးပါး စစ်ကူရောက်လာပြီး ၎င်းတို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်လာခြင်းဖြစ်ပြီး အင်အားမမျှသောကြောင့် ပစ်ပြေးပြေးခဲ့ရသည်ဟု IR တပ်ဖွဲ့ဝင်ရဲဘော်က ပြောသည်။

ယနေ့(ဧပြီ ၃၀)တွင်လည်း စစ်ကောင်စီတပ်များက မံထုံ၊ မင်းကုန်း၊ တောင်ကြီး စသည့်ကျေးရွာများအနီး အထိုင်ချကာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်များ တိုးလာနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။