Connect with us

Hi, what are you looking for?

News

မြင်းမူးနယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ခန့်သေ၊ ၂၀ ကျော် ဒဏ်ရာပြင်းထန်

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြင်းခြံ Zero ပြောက်ကျားတပ်၏ ဒုခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ နှစ်ဖက် ​သေဆုံးထိ့ခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

(မြင်းမူမြို့နယ်တွင် ဧပြီ ၂၉ ရက်ကတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က အနီးရှိရွာများကိုမီးရှို့ခဲ့သည်။ ဓါတ်ပုံ-CJ)

စစ်တပ်က နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့၊ PDFတစ်ဦးကျ နှစ်ဦးဒဏ်ရာရ

မြင်းမူမြို့နယ်တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း GTR – MMU အဖွဲ့က ယနေ့(ဧပြီ ၃၀) ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၂၉)က မြင်းမူမြို့နယ် ထီးဆောင်း-အရာတော်လမ်းမကြီးအတိုင်း အင် အား ၄၀ ခန့်ပါ ၁၂ ဘီးကားဖြင့် စစ်ကြောင်းထိုးလာစဥ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း ခွက်ခွင်းနှင့် ငါကင်းကြားရောရှိစဥ် တို့GTR MMU၊ Myin Mu Defence Force -MMDF ၊ ZERO မြင်းခြံပျောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း (၆) – တပ်ခွဲ (၁) ငါန်းဇွန် Heros ၊ မြင်းခြံခရိုင် တပ်ရင်း(၆) -တပ်ခွဲ (၂) ငါန်းဇွန် Five Stars အဖွဲ့ ၅ ဖွဲ့မှ မိုင်းဆွဲခြင်း RPG ဖြင့်ထုခြင်း လက်နက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြင့် ၂ နာရီခန့် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြင်းခြံ Zero ပြောက်ကျားတပ်၏ ဒုခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ နှစ်ဖက် ​သေဆုံးထိ့ခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ထို့နောက် စစ်ကောင်စီတပ်က ကန်တော်ရွာသို့ဝင်ရောက်ကာ နေရာလေးနေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်အလုံး ၆၀၀ ကျော်ပျက်စီးခဲ့သည့်အပြင် ပြည်သူလေးဦးသေဆုံးခဲ့ပြီး နှစ်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားကြောင်း GTR – MMU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook