Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို မြို့မရပ်ကွက်တိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ဧပြီ ၂၉ရက် နံနက် ၁၀နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များနှင့် အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

(တိုက်ပွဲဝင်​နေ​သော ဒီး​မော့ဆို PDF တပ်ဖွဲ့ဝင်တစ်ဦး)

ကယားနီပြည်နယ်၊ ဒီးမော့ဆိုမြို့ မြို့မရပ်ကွက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၉ရက် နံနက် ၁၀နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များနှင့် အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

အနီးကပ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး တပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။တိုက်ပွဲနှင့်ပတ်သပ်၍ ဒီး​မော့ဆို PDF မှတာဝန်ရှိသူထံ​မေးမြန်ရန် ဆက်သွယ်​​သော်လည်း ဆက်သွယ်မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ