News မုံရွာ – မန္တလေးလမ်းမပေါ်တွင် PDFများက စစ်ကောင်စီတပ်ကို သုံးကြိမ်တိုက်ခိုက် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းအကုန်မကွဲသည့်အတွက် အကျအဆုံးနည်းနိုင်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာသို့ ဖြေကြားထားသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ထီးချိုင့်တွင် စစ်ကောင်စီယာဥ်တန်းကို ၇ နေရာ၌ မိုင်းဆွဲတိုက်ခိုက် အများအပြားထိခိုက်သေဆုံးနိုင်၊ ကားနှစ်စီးပျက်စီး "အမြဲတက်လာတိုင်း ဆင်းလာတိုင်း တိုက်ခိုက်ပါတယ်။ မန္တလေး-တကောင်း- ထီးချိုင့် -အင်းတော် -မြစ်ကြီးနားလမ်းပေါ်မှာ ဖြစ်တာပါ"ဟု TR အဖွဲ့ တာဝန်ရှိသူကပြောသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News အင်မထီးရှိ ပျူစောထီးသင်တန်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ လေးဦးခန့်သေဆုံးနိုင်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော "အင်အားက စခနဲ့ ပျူ ပေါင်းရင် ၄၀လောက်ရှိမယ်။မျက်မြင်အကျက လေးဦးရှိတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်"ဟု PPDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News စစ်ကောင်စီတပ်စွဲရာ နေရာလေးခုအား KNU တပ်မဟာ(၅)တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေ ဖေဖော်ဝါရီ ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏မယ်ဝေ(မဲဝိုင်)တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှတစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ယင်းမာပင်တွင် စစ်ကောင်စီတပ်စွဲထားသော စုပေါင်းရုံးနှင့်ရဲစခန်းကို PDF နှစ်ဖွဲ့က သုံးရက်ဆက်တိုက်ခိုက်၊ ၃၀ခန့်ထိခိုက်သေဆုံးနိုင်ဟု ထုတ်ပြန် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းကို အဝေးပစ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် သုံးရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၀ဦထက်မနည်းသေဆုံးဒဏ်ရာရရှိကြောင်း မုံရွာခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူးPDF တိုက်ခိုက်စစ်ကောင်စီစစ်သားနှင့်ရဲ နှစ်ဦးသေ အခင်းဖြစ်ရာနေရာသည် စဥ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီးတွင် တည်ရှိပြီး ဂိတ်တွင်တာဝန်ကျနေသော လက်ပန်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ်မိုးဝင်းနှင့် အမှတ် ၉၁၀ တပ်မှ တပ်သားစိုးမော်ဦးတို့သေဆုံးခဲ့ကြောင်း NUG၏ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News မိုးကုတ်မြို့နယ် ဂွေးပင်ရှိစစ်ကောင်စီစခန်းကို PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြား စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ခန့်အထိရှိပြီး စခန်းကိုသိမ်းလုခါနီးအခြေအနေတွင်မှ စစ်ကူများရောက်လာ၍ PDF များက အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News တရုတ်ဓါတ်ငွေ့ပိုက်လိုင်း ကင်းစခန်းနှင့်ယုန်တိုးတောင်အနီး လှည့်ကင်းကို PDFတိုက်ခိုက်၊ စစ်သားအနည်းဆုံးနှစ်ဦးသေ "စကစဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ အုတ်နံရံတစ်ခြမ်းတော့ ပဲ့ထွက်သွားတယ်လို့ပြောတယ်ဗျ"ဟု ၎င်းက ပြောသည်။ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲနေသောစစ်ကောင်စီတပ်ကို PDFနှစ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ၅ဦးသေ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရန်ကြီးအောင်ကျေးရွာတွင် ဒေသခံများကို ပြည်သူစစ်ဖွဲ့ရန် ဖိအားပေးစည်းရုံးနေပြီး ဒေသခံများကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက မီးရှို့မည်ဟု ခြိမ်းခြောက်နေသည်ဟုလည်း သိရသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူး PDFဝင်တိုက်၊ စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးသေ "စစ်ဘက်၊ ရဲဘက်အရာရှိနှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရရသူ များစွာရှိသည်ဟုကြားသိရပါတယ်"ဟု စဥ့်ကူး PDFမှ ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022