Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်ဓါတ်​ငွေ့ပိုက်လိုင်း ကင်းစခန်းနှင့်ယုန်တိုး​တောင်အနီး လှည့်ကင်းကို PDFတိုက်ခိုက်၊ စစ်သားအနည်းဆုံးနှစ်ဦး​သေ

“စကစဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ အုတ်နံရံတစ်ခြမ်းတော့ ပဲ့ထွက်သွားတယ်လို့ပြောတယ်ဗျ”ဟု ၎င်းက ပြောသည်။ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပိုက်လိုင်း​စောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

မန္တလေးတိုင်း ​နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ယုန်တိုးတောင်အနီးနှင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကင်းစခန်းများအားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ညနေ ၃း၃၀ ခန့်က နွားထိုးကြီးနှင့် မြင်းခြံနယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ထိုတိုက်ခိုက်မှုတွင် ဆိုင်ကယ် ၄ စီး၊ ငှက်ကြီးတောင် ဓါး ၁ ချောင်း သိမ်းဆည်းရမိပြီး ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

“ယုန်ထိုးတောင်ပေါ် ကင်းပတ်တာ။ ယုန်ထိုးတောင်နားမှာ တပ်စွဲထားတာရှိတယ်။ တပ်စခန်းကနေကင်းပတ်ဖို့ စထွက်လာတဲ့အချိန် တိုက်ပွဲဖြစ်တာ။”ဟု နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။စစ်​ကောင်စီတပ်မှ ​လက်နက်ကြီးဖြင့်ပစ်ခတ်၍ အ​လောင်း
နှင့်​သေနတ်များကိုပြန်​ကောက်သွားသဖြင့်​သေနတ်များမရလိုက်​ကြောင်းလည်းသိ့ရသည်။

ထိုအပြင် ယနေ့ (ဖေဖော်ဝါရီ၁၄ ရက်) နံနက် ၂ နာရီခန့်က နွားထိုးကြီးမြို့နယ်အတွင်းရှိ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစောင့်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းတစ်ခုအား အဝေးပစ်နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း နွားထိုးကြီး နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

“စကစဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ အုတ်နံရံတစ်ခြမ်းတော့ ပဲ့ထွက်သွားတယ်လို့ပြောတယ်ဗျ”ဟု ၎င်းက ပြောသည်။ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပိုက်လိုင်း​စောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ လဆန်းပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊လက်ဝဲမြင်းနီကျေးရွာရှိ အကြမ်းဖက်စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လာရောက်စစ်ဆေးသည့်အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။