သတင်း တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲတပတ်အတွင်း အရာရှိအပါအဝင်စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်တွေAAသိမ်းဆည်းရ၊ ရေတပ်စခန်းကစစ်တပ်မိသားစုတွေရွေ့ပြောင်း ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ် တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုတပါတ်အတွင်းမှာ စစ်တပ်ကအရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ludunwayooဇွန် 3, 2026
သတင်း အင်းတော်မြို့အနီး တိုက်ပွဲတွေပြင်ထန်နေပြီး စစ်တပ် သေဆုံးမှုများ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်၊ ကျေးရွာအချို့ကို စစ်တပ် မီးရှို့ဖျက်ဆီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooမေ 31, 2026
သတင်း ရွှေကူ-ငါးအိုး-မဘိမ်းနယ်တကြော တိုက်ပွဲပြင်းထန်နေ ကချင်ဒေသ အခြားနေရာ ၅ခုမှာလည်း စစ်ရေးတင်းမာနေဟု KIA ပြော ludunwayooမေ 30, 2026
သတင်း ကန်ပက်လက်မြို့တိုက်ပွဲ ပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်နေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မေလ ၂၄ရက်နဲ့ ဒီကနေ့မနက်မှာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooမေ 25, 2026
သတင်း တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ကို စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ ရိက္ခာပို့နေရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။ ludunwayooမေ 25, 2026
သတင်း တိုက်ပွဲပြင်းထန်နေတဲ့ဧရာဝတီ နဲ့ ပဲခူးအစပ်ကို စစ်တပ်ဗုံးကြဲခုခံနေ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။ ludunwayooမေ 25, 2026
သတင်း ရွှေကူနဲ့ ဗန်းမော်မှာ တိုက်ပွဲနေ့စဉ်ဖြစ်နေဟု KIA ပြော ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။ ludunwayooမေ 23, 2026
သတင်း အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေလို့ ကျေးရွာတွေမှာကျန်နေတဲ့ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေ သတိပေး စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။ ludunwayooမေ 23, 2026
သတင်း ဆောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ သိမ်းရ မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooမေ 22, 2026