Connect with us

Hi, what are you looking for?

သတင်း

တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲတပတ်အတွင်း အရာရှိ​အပါအဝင်စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်တွေAAသိမ်းဆည်းရ၊ ရေတပ်စခန်းကစစ်တပ်မိသားစု​တွေ​ရွေ့​ပြောင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ် တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုတပါတ်အတွင်းမှာ စစ်တပ်ကအရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဇွန်-၂၊၂၀၂၆။ ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ် တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုတပါတ်အတွင်းမှာ စစ်တပ်ကအရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည် အ၀တောင်ကျေးရွာအနီးတဝိုက်မှာတိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေတာမှာ မေလ ၂၈ ရက်​နောက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။ ဒီနေ့(ဇွန် ၂ )အထိ တိုက်ပွဲပြင်းနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

“အ၀တောင်နားပတ်လည်မှာအပြင်းအထန်ဖြစ်နေကြတာ။၂၈ ရက်နေ့ကတည်းက ဒီနေ့ထိ စစ်တပ်အလောင်း ငါးဆယ်ကျော်ရှိပြီ မျက်မြင်တွေ့ရတာပါ ဒါက။ ကျန်အလောင်းတွေလည်း ရှိအုံးမယ်။ အရာရှိတွေ၊ အကြီးပိုင်းတွေပါ တယ် အလောင်းတွေထဲမှာ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို အလောင်းတွေ ရတဲ့အပြင် မော်တာကျည်၊ ငါးကြင်းမြှီးသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေကိုလည်းAA က သိမ်းဆည်းရမိ တယ်လို့ သိရပါတယ်။

တောင်မော်ဦးရေတပ်စခန်းမှာ အခြေစိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ကြားလမ်းဆုံ စနဲမြို့ဆီ ​မေလကစစ်ကြောင်းထိုးဖို့ ထွက်လာခဲ့တာဖြစ်ပေမယ့် အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်ကာ အခုအခါ တောင်မောင်ဦးရေတပ်အနီးပတ်လည်ရှိ တပ်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်နေတာပါ။ဒါ​ကြောင့်စစ်တပ်က တိုက်စစ်က​နေ ခံစစ်ပြန်ဖြစ်သွားတာဖြစ်ပါတယ်။

“အစကတော့ ဒီကောင်တွေ ထိုးစစ်ဆင်လာတာ။ အခု ကိုယ့်လူတွေ တန်ပြန်ချနေတော့ အသေအပျောက်တွေ မ နည်းဘူး။ အ၀တောင်ကနေ ရှေ့ကို တိုးမလာနိုင်တော့ဘူး။အခုတောင်မော်ဦးကို ကိုယ့်လူတွေ ဝိုင်းထားတယ်” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ကအထိနာနေတာကြောင့်တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကို စက်လှေတွေနဲ့ ရွေ့ပြောင်းနေပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ စစ်ကူစစ်သား​တွေထပ်ဖြည့်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အကြီးပိုင်းတွေပြေးကုန်ကြပြီကြားတယ် အကုန်လုံး။ မိသားစုတွေကိုရော ပြောင်းနေတယ်။ အင်

အားဖြည့်တာကတော့ မနေ့က နေဗီအသစ်တစီးရောက်တယ်။အရင်ရက်တွေကလည်း နေဗီနဲ့ အင်အားဖြည့်တယ်ပြောတယ်” ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

​တောင်​​​မော်ဦးတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်အသုံးပြုနေတာကြောင့်AAဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိ​ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက်မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အ တွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့်လက်တွေ့မှာတော့အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ကျေးရွာအနီးမှာAA ထိုးစစ်ကြောင့် ရပ်တန့်နေပြီး လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတာဖြစ်ပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင်ပြည်သူ ခု နစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိရမ်းဗြဲမြို့နယ်အားလုံးနဲ့ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီးမပြီးပြတ်ခဲ့ရင်လည်းမီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့​ပြောထားပါတယ်။

ရခိုင်​ဒေသတွင်းသတင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ Arakan Princess News သတင်းဌာနကလည်းစနဲမြို့ကိုသိမ်းပိုက်ဖို့ အင်အား ၄၀၀ ​ကျော်အသုံးပြု၍ကြည်း​ရေ​လေ ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို အာရက္ခတပ်​တော်က ​မေလ ၂၈ ၊၂၉၊၃၀ ရက်တို့မှာခုခံစစ် ၊တန်ပြန်တိုက်စစ်တို့နဲ့ခိုက်ရာ စစ်တပ်စစ်ဦးကျိုးတပ်လန်သွားတယ်လို့​ဖော်ပြပါတယ်။ တိုက်ပွဲအတွင်းမှာစစ်သားအ​လောင်း ၄၀ ထက်မနည်းနဲ့လက်နက်ခဲယမ်း​တွေသိမ်းဆညိးရရှိတယ်လို့သတင်းဓါတ်ပုံနဲတကွ​ဖော်ပြထားပါတယ်။

(​မေလကုန်တိုက်ပွဲအတွင်းစစ်သားအ​လောင်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-Arakan Princess Media)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။