Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ကို စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ ရိက္ခာပို့နေရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

(စစ်တပ်က ဗန်း​မော်မြို့ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ မေ ၈ ရက်ည​နေပိုင်းမှာ ​လေ​ကြောင်းမှ ဗုံးကြဲလို့ မီးခိုးလိပ်ကြီးထွက်​နေစဥ်။ ဓာတ်ပုံ- စစ်​ကောင်စီတယ်လီဂရန်ချန်နယ် )

မေ-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

KIAက ၂၀၂၄ ဒီဇင်ဘာကစပြီးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာ အခုရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။

စစ်တပ်က KIAပူးပေါင်းတပ်ရှိရာ နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းပစ်တာ လေကြောင်းက ဗုံးကြဲတာ တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ထပရ(၉၃၃)တပ်ရင်းဟာ KIA ပူးပေါင်းတပ်ရှိရာ ဗန်းမော်ကွန်ပျူတာတက္ကကိုလ် (၅)မိုင်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် စစ်ရေးလှုပ်ရှားလာလို့ စစ်ရေးတင်းမာနေဟု အသိပေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်ဟာ ဗန်းမော်မြို့ကို လေကြောင်းကဗုံးကြဲခဲ့သလို Y8 လေယာဉ်နဲ့ စားနပ်ရိက္ခာလာချတာတွေ နေ့တိုင်းဆိုသလို ပြုလုပ်နေကြောင်း KIAက သတင်းဖော်ပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူမြို့နယ်မှာ မေလ ၂၁ရက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီ ခမရ( ၁၂၁)တပ်ရင်းစစ်ကြောင်းက မံနားကျေးရွာ လမ်းခွဲဘက် ထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတာလို့ သတင်းဖော်ပြပါတယ်။

စစ်တပ်ဟာ မဘိမ်းမြို့နယ်က ငါးအိုးရွာဘက်ကနေ ရွှေကူမြို့ဘက်ကို စစ်အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းအချို့ကလည်း ငါးအိုးနဲ့ ရွှေကူကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို အထိနာအောင် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း မေလ ၂၃ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီဘက်မှာ KIAနဲ့ PDF ပူးပေါင်းတပ်က စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။