Connect with us

Hi, what are you looking for?

သတင်း

ရွှေကူ-ငါးအိုး-မဘိမ်းနယ်တကြော တိုက်ပွဲပြင်းထန်နေ

ကချင်ဒေသ အခြားနေရာ ၅ခုမှာလည်း စစ်ရေးတင်းမာနေဟု KIA ပြော

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)

မေ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်အကြား ရွှေကူ – ငါးအိုး-မဘိမ်းမြို့နယ်တကြောမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ မေလ ၂၉ရက်မနက်မှာ ပြောကြားခဲ့ပြီး ကချင်နဲ့ စစ်ကိုင်း နေရာဒေသ အချို့မှာ စစ်ရေးတင်းမာနေတယ်လို့ အသိပေးပါတယ်။

KIAနဲ့ ပူးပေါင်းတပ်များရှိရာ ဒေသတွေမှာ လတ်တလော စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူ-ငါးအိုး-မဘိမ်း ဒေသ၊ မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသ၊ ဖားကန့်ဒေသနဲ့ အင်းတော်ကြီးဒေသ စစ်ရေး အခြေအနေတွေကို အခုလို ရှင်းပြတာဖြစ်ပါတယ်။

” ကျနော်တို့ ကချင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေကတော့ လောလောဆယ် ရွှေကူ -ငါးအိုး -မဘိမ်း အဲဒီတကြောတဝိုက်မှာ နေ့တိုင်း တိုက်ပွဲ တွေဖြစ်ပါတယ်။ ပိုပြီးမှ တိုက်ပွဲပြင်းထန်တဲ့နေရာလို့ ပြောလို့ရပါတယ်။နောက်တခုကတော့ ကသာ-နဘားပေါ့ မော်လူး-မော်ဟန် အဲဒီ မြစ်ကြီးနား -မန္တလေး လမ်းမကြီး တကြောမှာလည်း စစ်ရေး အခြေအနေကတော့ တင်းမာတဲ့ အနေအထားဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး-မြစ်ကြီးနားလမ်းတကြောမှာ လတ်လော တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်မှာ တိုက်ပွဲတွေရှိခဲ့တယ်လို့ အသိပေးပါတယ်။

“လွန်ခဲ့တဲ့ သတင်းပတ်လောက်မှာတော့ အဲဒီနေရာမှာ တိုက်ပွဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပတ်မှာတော့ အချင်းချင်း စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကော်မရှင်ဘက်ကလည်း အဲဒီလမ်းတွေကို ပြန်ပြီးမှ ထိန်းချုပ်နိုင်ဖို့အတွက် သူတို့လည်း လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်ချထားတာတွေ့ရပါတယ်။ တင်းကြပ်ထားတဲ့ သူတို့ လုံခြုံရေးတွေကို KIAနဲ့ တခြားသော ပူးပေါင်း မဟာမိတ်အဖွဲ့တွေ ပေါင်းပြီးမှ ဝင်တိုက်တဲ့ တိုက်ပွဲတွေရှိခဲ့ပါတယ်။ အခုလောလောဆယ်ကတော့ တိုက်ပွဲတော့မရှိဘူး ဒါပေမဲ့ စစ်ရေး အခြေအနေက တင်းမာတဲ့ အနေအထားဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်နဲ့ ဗန်းမော်မြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် စစ်ရေးတင်းမာတဲ့ အနေအထားလို့အသိပေးပါတယ်။

” ဝိုင်းမော်ဘက်မှာလည်း သိပ်ပြီးမှ ပြင်းထန်တဲ့ တိုက်ပွဲတော့မရှိပါဘူး။ ဒါပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ နေရာဒေသဖြစ်ပါတယ်။ ဗန်းမော်မှာလည်း အဲဒီလိုပါပဲ သိပ်ပြီးမှ ပြင်းထန်တာ မရှိဘူး။ ဒါပေမဲ့ လက်နက်ကြီး ဒရုန်းတွေနဲ့ KIAနဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာတွေကို ကင်းထောက်ပြီးမှ ပစ်တာတွေရှိပါတယ်။ တခါတလေ သူတို့ အရေးကြီးမယ်လို့ ယူဆတဲ့ ရပ်ကွက်တွေမှာတော့ မြေပြင်ကနေ ထိုးတာတွေရှိပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲမဖြစ်တာ တပတ်ခန့်ရှိပြီလို့လည်း ပြောပြပါတယ်။

“ ဒါပေမဲ့ သူတို့ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ပြီးမှ ပြည်သူလူထုရဲ့ အိုးအိမ်တွေထိခိုက်တာ ခဏခဏ တွေ့ရပါတယ်။ အင်းတော်ကြီးဘက်မှာလည်း ဒီအတိုင်းပါပဲ။ သူတို့ကတော့ စစ်အင်အားတွေ တိုးထားပြီးမှ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး အင်အားအလုံးအရင်းဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေလို့ KIA တပ်မဟာ နယ်မြေ အသီးသီးမှာ စစ်ရေးတင်းမာတာ၊ တိုက်ပွဲဖြစ်ပွားတာတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။