Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနဲ့ ဗန်းမော်မှာ တိုက်ပွဲနေ့စဉ်ဖြစ်နေဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

(ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်လမ်းပိုင်းရှိ စင်းခန်းတံတားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ၂၀၂၄ မေလမှာ သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

ကချင်ပြည်နယ် စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြခဲ့တာဖြစ်ပြီး ဖားကန့်နဲ့ ၀ိုင်းမော်မြို့ဘက်မှာလည်း လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေရှိနေကြောင်း ပြောပါတယ်။

“အခု လောလောဆယ် ရွှေကူဘက်မှာ တော်တော်ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ နေ့တိုင်းလိုရှိပါတယ်။ ရွှေကူနဲ့ ငအိုးကြားမှာကတော့ ၅လမ်းဆုံပေါ့ အဲဒီရွာရှိတယ်။ အဲဒီရွာမှာလည်းတိုက်ပွဲက သုံးကြိမ်လောက်ဖြစ်ခဲ့ပါတယ်။ နောက် မဘိမ်းဘက် တက်သွားတဲ့ လမ်းတကြောလုံးမှာ လည်း တိုက်ပွဲတော့ ဆက်ရှိပါတယ်။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း တချို့နေရာမှာကတော့သိမ်းနိုင်တာရှိပါတယ်။ တချို့နေရာမှာလည်း ရန်သူဘက်က နေရာယူထားတဲ့နေရာလည်းရှိပါတယ်။ ရန်သူကတော့ အင်အား ၆၀၀ ကျော်လောက်နဲ့ စစ်ကြောင်း သုံးလေးကြောင်းနဲ့ ထိုးတာကို ခုခံနေတဲ့ အခြေအနေဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူဒေသ စစ်ရေး အခြေအနေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်မှာ အင်အားစုဖွဲ့ပြီး ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ရေး ကြိုးပမ်းနေတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောထားပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြပါတယ်။

“ဗန်းမော်ဘက်မှာလည်း အဲဒီလိုပါပဲ တိုက်ပွဲရှိပါတယ်။ တချို့ရပ်ကွက်တွေမှာ ထိုးစစ်ဆင်တာ မြေပြင်ကနေ ထိုးတာ တွေ့ရပါတယ်။ ဥပမာ သုံးမိုင်တို့ နောက် ရိုးကြိးဆိုတဲ့ ရပ်ကွက်ဘက်မှာလည်း စစ်ဆင်ရေးတွေထိုးတာ တွေ့ရပါတယ်။ မနေ့ကလည်း တိုက်ပွဲတွေ ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ ဖားကန့်ဘက်မှာ လတ်တလော မြေပြင်တိုက်ပွဲမရှိပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ ဒရုန်းနဲ့ ကင်းထောက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ဘက်မှာလည်း မြေပြင်တိုက်ပွဲ မရှိသလောက်ဖြစ်ပေမယ့် လက်နက်ကြီးနဲ့ ပစ်တာတွေ ဒရုန်းနဲ့ ပစ်တာတွေတော့ နေ့တိုင်းရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်အပါအဝင် ဒေသအချို့မှာ အင်အားအလုံးအရင်း၊ လေကြောင်းပစ်ကူသုံး တိုက်ခိုက်ပြီးဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။