သတင်း ကျွန်းစုမြို့နယ်တွင် ကလေးငယ်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ပြည်သူ ၁၅ ဦး ခြောက်ရက်ကြာသည်အထိ ပြန်မလွတ်သေး လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ LuduNwayOoဩဂုတ် 1, 2023
သတင်း ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး ယာယီသမ္မတအနေဖြင့် ပြည်သူလူထုအား အသိပေးပြောကြားလိုသည့် သတင်းစကားများကို အလျဉ်းသင့်လျင် သင့်သလို ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြလေ့ရှိသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ဆိပ်ဖြူတွင် စစ်တပ်က နှစ်ပတ်အတွင်း ပြည်သူငါးဦးသတ်ဖြတ်၊ ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီး စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊စိုင်ဖြူရွာမှ နေအိမ် ၁၇လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း ဘုတလင်နယ် ညောင်ကန်ရွာ စစ်တပ်စီးနင်းပြီး ဗကသရဲဘော်သုံးဦးနှင့် ပြည်သူများ သတ်ဖြတ်သွားဟုဆို ယနေ့ နံနက် ၄နာရီခန့်က အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ယူထားသူသုံးဦးအား သတ်ဖြတ်ခံခဲ့ရသည်။ LuduNwayOoဇူလိုင် 28, 2023
သတင်း စစ်ကောင်စီ သင်္ဘောများက ဧရာဝတီမြစ်ဘေးရှိရွာများအား ရမ်းပစ်နေ၍ ပြည်သူများဘေးလွတ်ရာနေထိုင်ရန် ထီးချိုင့်နှင့် သပိတ်ကျင်း(ပကဖ) သတိပေး ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်တိုင်း စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းတလျှောက်နှင့် စစ်ကောင်စီများ ရှိသောနေရာများတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း မြိုင်နယ်တွင် ပျူများကလက်နက်ကြီးဖြင့် ပစ်၍ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း မြိုင်နယ်တွင် စစ်ကောင်စီတပ်က ညသန်းခေါင်စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ဦး ဖမ်းဆီးသွား စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ပြည်သူများအားကာကွယ်နိုင်ရေး တော်လှန်ရေးလုပ်ငန်းစဉ်များကိုချဲ့ထွင်ရန် ယာယီသမ္မတ မှာကြား ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီအနေဖြင့် ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်၏ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချရန် ပြင်ဆင်နေကြောင်း ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။ LuduNwayOoဇူလိုင် 25, 2023
သတင်း စစ်တပ်က ဒေသခံများမောင်းထုတ်ပြီး ရွာတပ်စွဲထား၍ သရက်ချောင်းနယ် ပြည်သူများ ဒုက္ခရောက်နေ လွန်ခဲ့သောတစ်ပတ်ခန့်က အင်အား ၃၀ကျော်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သည် ရငဲရွာမှ ဒေသခံပြည်သူများအား ၎င်းတို့၏နေအိမ်များတွင် နေထိုင်ခွင့်မပြုဘဲ ကျေးရွာမှထွက်ခွာကြရန် ဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ LuduNwayOoဇူလိုင် 24, 2023