Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ် ညောင်ကန်ရွာ စစ်တပ်စီးနင်းပြီး ဗကသရဲဘော်သုံးဦးနှင့် ပြည်သူများ သတ်ဖြတ်သွားဟုဆို

ယနေ့ နံနက် ၄နာရီခန့်က အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ယူထားသူသုံးဦးအား သတ်ဖြတ်ခံခဲ့ရသည်။

(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)
(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)

▪️ကျေးရွာကိုလည်း ရွာလုံးကျွတ်မီရှို့ဖျက်ဆီးသွားဟု ဒေသခံပြော

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာ၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဌအပါအဝင် သုံးဦးနှင့် ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နံနက် ၄နာရီခန့်က အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ယူထားသူသုံးဦးအား သတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင် ပြည်သူများလည်း သတ်ဖြတ်ခံရပြီး ညောင်ကန်တစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ဗကသရဲဘော်ကတော့ သုံးဦးပါ။ ပြည်သူတွေထဲက အသတ်ခံရသူ အဖမ်းခံရသူတွေ ရှိတယ်။ အတည်ပြုနေဆဲပါပဲ။ စစ်ကြောင်းထိုးတာမျိုးထက် ပြောက်ကျားဝင်ရောက်စီးနင်းတာမျိုးဆိုတော့ ရန်သူဝင်လာတာကို ပြည်သူတွေရော ရဲဘော်တွေရော မသိလိုက်တာပါ။”ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။ အသတ်ခံရသည့် ပြည်သူများအား စာရင်းအတည်ပြုနေဆဲဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စိတပ်က စိုင်ပြင်လေးကျေးရွာကို ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနှင့် ဆိုင်ကယ်များကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

“ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ် ကျနော်တို့အနေနဲ့ များများစားစား ပြောစရာမရှိပါဘူး။ တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာမဟုတ်ဘူး”ဟု ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်က ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။