Connect with us

Hi, what are you looking for?

All posts tagged "မန္တလေး"

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ က လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြီး လုယက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကြုံ့တွေ့ခဲ့ရသူတွေ ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတံတားမှာ ဒီရက်ပိုင်းအတွင်းပေါ်တာဆွဲဖမ်းဆီးတာတွေပြန်လုပ်လာပြီး တပါတ်အတွင်းလူငယ်နဲ့သက်လတ်ပိုင်းအမျိုးသား၁၀၀ခန့်အထိ ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံ က​ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်းကာလအတွင်း မကြာခဏ ဓါးပြတိုက်ခံနေရတဲ့၊ သဒ္ဓါထက်သန် မြန်မာ့အားမာန်လို့ ဆောင်ပုဒ်လက်ကိုင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဓါးပြတိုက်ခံလိုက်ရပြန်ပါတယ်။

ဆောင်းပါး

နေ့လယ် ၁၂ နာရီကျော်သွားပေမဲ့ မန္တလေး၊ ရတနာပုံတံတားထိပ် နှာပေါက်လို့ခေါ်ကြတဲ့နေရာက စစ်ကောင်စီရဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ကတော့ ထမင်းစားနားကြမယ့်ပုံ မပေါ်သေးဘူး။ အဲဒီနှာပေါက်မရောက်ခင် စစ်ကိုင်း-မန္တလေးလမ်းဘေးတနေရာမှာတော့ တောင်းကြီးတောင်းငယ်အသွယ်သွယ်တင်ဆောင်ထားတဲ့ ဆိုင်ကယ်လေးတွေဟာ ရပ်တန့်ထားတယ်။ ဘေးနားမှာတော့ နှာပေါက်ဘက်လှမ်းကြည့်ရင်း သက်ပြင်းချသူချ၊ မှိုင်သူမှိုင်နဲ့။ အဲဒီအဖွဲ့ထဲမှာ အသက် ၃၅ နှစ်အရွယ် စျေးသည်မအေးကြွယ်(အမည်လွှဲ)လည်း...

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy) တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY PDF နယ်မြေခံ ရဲဘော်များအကြား ပဋိပက္ခကိုဥပဒေနည်းလမ်းတကျဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

သတင်း

People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ...

သတင်း

မန္တလေးမြို့ကပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီကပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

သတင်း

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

သတင်း

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

လတ်တ‌လော စာမူများ

Facebook