Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက သင်တန်းဆင်းစစ်သားသစ်​တွေကို မတ္တရာမြို့နယ်ထဲထပ်ပို့

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)လက်​အောက်ရှိ ​စစ်သင်တန်း​ကျောင်းတစ်ခုတွင် သင် တန်းဆင်းပြီးစ စစ်သားသစ်အချို့ကို​ဇန်နဝါရီလကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ရှိန်း/People’s Spring

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

ဖေဖော်ဝါရီလ၂ ရက်နေ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲကတပ်မ(၃၃)လက်အောက်ခံစစ်သားသစ်တွေကိုသင်တန်းပေးနေတဲ့တပ်ထဲကနေ စတစ်ကော်လံအဖြူနဲ့လူငယ်တွေအပြည့်ပါဖောကား၂ စီး မတ္တရာမြို့နယ်၊ ထီးတော်မိုးစစ်သားစုဆောင်းရေးတပ်ထဲကို ပို့ဆောင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလနောက်ဆုံးပတ်ကလည်း တပ်အပြောင်းအလဲတွေပြုလုပ်ထားပြီး မတ္တရာမြို့ကို စစ်တပ်ကပိတ်ဆို့တင်းကြပ်ထားတာတွေပြုလုပ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မတ္တရာအရှေ့ခြမ်းကိုတိုက်မယ့်သတင်းတွေထွက်နေတယ်။အပူးတပ်မ(တပ်မ၃၃၊၄၄)တွေပို့ထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံဗိုလ်တောက်ကလည်း မတ္တရာအရှေ့ခြမ်းကိုတိုက်မယ့်သတင်းတွေထွက်နေတာကိုတော့အတည်ပြုခဲ့ပြီး တခြားစစ်တပ်သတင်းတွေနဲ့ပတ်သက်လို့ကတော့ ထူးထူးခြားခြားသတင်းရထားတာမရှိဘူးလို့ဆိုပါတယ်။

“တိုက်မယ်လို့သတင်း​တွေပြန့်နေတာတော့ဟုတ်တယ်။အခုနယ်မြေအခြေအနေကတော့ အရှေ့ခြမ်းရော၊အနောက်ခြမ်းရောမှာ ငြိမ်နေပါတယ်”လို့ ဗိုလ်တောက်ကပြောပါတယ်။

စစ်တပ်က ယခုလိုစစ်မှုထမ်းသင်တန်းဆင်းတွေကို အင်အားအပြည့် မတ္တရာဘက်ကိုပို့ဆောင်တာမျိုး ၂၀၂၄ခုနှစ်၊​ မေလ (၁၈) ရက်နေ့ကလည်းလုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ဖောကား၂ စီးအပြည့်ပါတဲ့လူငယ်တွေကို နန်းတွင်း(လပခ)မှာ သင်တန်းဆင်းပွဲလုပ်ဆောင်ခဲ့ပြီးနေ့ချင်းမတ္တရာမြို့နယ်ထဲကို ပို့ဆောင်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်​နေသလိုမြေပြင်စစ် ကြောင်းထိုးအင်အားဖြည့်တင်းလာသောကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွါး​​နေတယ်လို့ မန္တ​လေး PDF က ဇန်နဝါရီ ၂၂ ရက်ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် သာယုကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်မှုထမ်းရန်ခေါ်ဆောင်ခံထားရသည့် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy) တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY PDF နယ်မြေခံ ရဲဘော်များအကြား ပဋိပက္ခကိုဥပဒေနည်းလမ်းတကျဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။