သတင်း
စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
Hi, what are you looking for?
စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၅ရက် မွန်းလွဲ ၂နာရီခန့်က ကန့်ဘလူခရိုင်ရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ်တော်လှန်ရေးအင်အားစုများက အသိပေးသည်။
စစ်ကိုင်းနယ်တွင် PDF ရဲဘော်များ အကျအဆုံးများခဲ့၍ မြို့ပေါ်သို့ အရဲစွန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DK PDF-MMUအဖွဲ့က ပြောသည်။
ယမန်နေ့(ဇွန်လ ၈ ရက်) ညနေ ၄နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ - မန္တလေးလမ်းပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းခုနစ်စီးဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများသည် ယနေ့ (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ခရီးသွားများအား ငွေတောင်းပြီး စခန်းရှေ့တွင် သောက်စားကခုန်ခဲ့သည်။
ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ၂၅ ရက်က ဖမ်းဆီးခဲ့သည့် ညောင်ပင်ကန်ရွာမှ လူငယ်နှစ်ဦးကို လိုက်ပြခိုင်းပြီးနောက်သတ်ဖြတ်သွား ZERO ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Campကို စစ်ကြောင်းဝင်လာခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။
မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။