Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမှာ ရွှေဆိုင်ဓါးပြတိုက်ပြီးပြန်လာတဲ့ ဓါးပြအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီး၊ ရွှေထည်တွေကို ပိုင်ရှင်ထံပြန်အပ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓါးပြတိုက်ပြီးပြန်လာတဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ဒေသ – ၁ ဗျူဟာ (၆၄) ဗျူဟာရုံးအဖွဲ့၊ ရုံးအဖွဲ့မှူးက ပြောပါတယ်။

ဓါးပြတိုက်သူများကိုဖမ်းဆီးပြီး နှင့် ဓါးပြတိုက်သွား​သော​​ရွှေထည်၊​​ငွေထည်ပစ္စည်းများကို ​တွေ့ရစဥ်။ဓါတ်ပုံ-သတင်းနှင့်ပြန်ကြား​ရေး၊ဗျူဟာ (၆၄)ရုံးအဖွဲ့

မေ ၄၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓါးပြတိုက်ပြီးပြန်လာတဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ဒေသ – ၁ ဗျူဟာ (၆၄) ဗျူဟာရုံးအဖွဲ့၊ ရုံးအဖွဲ့မှူးက ပြောပါတယ်။

မေလ ၁ရက် မနက် ၁၀နာရီဝန်းကျင်က မြင်းမူမြို့ပေါ်က ရွှေဧကရာဇ်ရွှေဆိုင်ကို ဓားပြတိုက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လာတဲ့ ဓားပြအဖွဲ့ကို ပြည်သူတစ်ဦးရဲ့ သတင်းပေးမှုနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသ(၁) ဗျူဟာအမှတ် (၆၄)၊ မြင်းမူမြို့ နယ်မြေ (၁) ပ.က.ဖ နဲ့ ငါန်းဇွန်မြို့နယ် ပ.က.ဖတို့ ပူး‌ပေါင်းဖမ်းဆီးခဲ့တာလို့ ဗျူဟာ(၆၄) ရုံးအဖွဲ့မှူးက ပြောပါတယ်။

“ကျနော်တို့ ​မြင်းမူနယ်ကို စစ်ဆင်ရေးလုပ်ဖို့သွားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေဆိုင်ကိုဓါးပြတိုက်လာတယ်ဆိုပြီး သတင်းရလို့ ရေကြောင်းကနေ စောင့်ဖမ်းလိုက်တာပါ။ လက်နက် ၃ လက်နဲ့အတူ လေးယောက်ဖမ်းဆီးရမိတာပါ။”လို့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသူတွေကတော့ ယုန်လေး(ခ)ပြည့်ဖြိုး အသက် ၁၉နှစ်၊ လင်းယုန်(ခ)အောင်စိုးမိုး အသက် ၂၀နှစ်၊ ဂန္တာရ(ခ)သဲမောင် အသက် ၂၀နှစ်၊ မိုးကြိုး(ခ)အောင်စိုးမိုး အသက်၂၉ နှစ်တို့ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့ နေရာမှာပဲ ဓားပြအဖွဲ့နဲ့အတူ ပါလာတဲ့ ကာလတန်ကြေး ကျပ်သိန်း ၂၆,၀၀၀ခန့် တန်ကြေးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ရွှေဧက္ကရာဇ်ရွှေဆိုင်ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဗျူဟာ (၆၄)ဗျူဟာရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။

တရားခံတွေကိုတော့ မြင်းမူမြို့နယ် ပ.လ.ဖထံ လွှဲပြောင်းခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဗျူဟာ (၆၄) ဗျူဟာရုံးအဖွဲ့က အသိပေးပါတယ်။

https://www.facebook.com/LuduNwayOo/videos/692085249980706

ရုပ်သံ -သတင်းနှင့် ပြန်ကြားရေးဗျူဟာ(၆၄) ရုံးအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေပြီး မတ်လ ၂၂ရက် တစ်ရက်တည်းမှာ ဂျက်ဖိုက်တာအပြင် Gyrocopter(စက်တပ်လေထီး)နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကထွက်လာတဲ့စစ်ကောင်စီရဲ့ကြေးနီတင်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သတင်းရရှိပါတယ်။ ဒီဇ