Connect with us

Hi, what are you looking for?

သတင်း

အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသ စစ်တပ်ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၁၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေပြီး မတ်လ ၂၂ရက် တစ်ရက်တည်းမှာ ဂျက်ဖိုက်တာအပြင် Gyrocopter(စက်တပ်လေထီး)နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က လက်ပံကျင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးနေတဲ့ နေအိမ်တစ်လုံး။ ဓာတ်ပုံ-ပေးပို့။ ပုံအဟောင်းအသုံးပြုထားပါသည်

မတ်-၂၃၊၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေပြီး မတ်လ ၂၂ရက် တစ်ရက်တည်းမှာ ဂျက်ဖိုက်တာအပြင် Gyrocopter(စက်တပ်လေထီး)နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၂ရက်က အရာတော်မြို့နယ်ထဲက မင်းရွာကြီးစံပြကျေးရွာနဲ့ ကငကင်းကျေးရွာပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

” တစ်နေရာကို ကြဲတာ ကလေးတစ်ယောက်၊ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား သုံးယောက်ဆုံးတယ်။ နောက်တစ်နေရာက အမျိုးသား ငါးယောက်ဆုံးတယ်။ မြေပြင်မှာ စစ်ကြောင်းမရှိဘူး။ လေကြောင်းကနေ ချနေတာ။ ဒီနေ့အထိလည်း ဆူဆိုက်ဒရုန်းတွေသုံးပြီး ကြဲနေလို့ ရှောင်နေကြရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဂျက်ဖိုက်တာသုံးပြီး ဗုံးကြဲတာမှာ တစ်ပြိုင်နက် နှစ်စီး၊ သုံးစီးသုံးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယခုရက်ပိုင်း ဗုံးကြဲတဲ့နေရာတွေဟာ အရာတော်မြို့ရဲ့ အနောက်တောင်ပိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေ ဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်ဖို့နဲ့ လေကြောင်းသတင်းတွေ စောင့်ကြည့်ဖို့ ကာကွယ်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းက ကသာ၊ ကျွန်းလှ၊ ကနီ၊ မြောင်မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ဗုံးကြဲတဲ့ပုံစံလည်းပြောင်းလဲသွားပြီး တစ်နေရာတည်းကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြေညပါတယ်။

မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ် ကဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

မတ်လ ၁၅ရက် ညနေကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

မတ်လ ၂၃ရက် နေ့လယ်ပိုင်းမှာလည်း မြောင်မြို့နယ် သောင်ကြီးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ မြောင်မြို့နယ်အခြေစိုက်အဖွဲ့ CDSOM တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ၂၀ရက်နေ့က ကသာမြို့ကို ဗုံးကြဲလို့ လူ၈၀ထက်မနည်းသေဆုံးခဲ့သလို ဒီ‌နေ့လည်း Y12 လေယာဉ်နဲ့ ဗုံး ၇၂လုံးကြဲသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ကသာမြို့မှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က တိုက်ပွဲနေရာနဲ့ မသက်ဆိုင်တဲ့ မြို့ထဲနေရာတွေကို ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။