Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့အနီးမှာ တိုက်ပွဲဖြစ်ပြီး ကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့အနီးက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ခရီးသည်တင်ကားတွေပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်−၂၃၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊မြင်းမူမြို့အနီးက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ခရီးသည်တင်ကားတွေပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်၂၃ ရက် ဒီနေ့မနက် ၇နာရီလောက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းမြို့က တပ်မ(၃၃)ကို ကား၈စီးနဲ့ စစ်သားတွေ သွားခေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီယာဉ်တန်းဟာ အင်အားအပြည့်တင်လာပြီး မုံရွာမြို့ဘက်ကို ပြန်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ကင်းပုံးတွေနဲ့ မြင်းမူမြို့အနီးမှာ ဒီနေ့ နေ့လည်၃နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ခရီးသည်တင်ကားတွေကတော့ပိတ်မိတယ်နေတယ်ဗျ။ဒီ စစ်အင်အားတွေက နမခကနေပုလဲကိုသွားဖို့ ဖြစ်နိုင်သလို အရာ တော်မှာလည်း စစ်ကြောင်းအဖျက်ခံထားရတော့ အင်အားပို့ဖို့လည်း ဖြစ်နိုင်တယ် “လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီလမ်းပိုင်းမှာ မနေ့ကလည်း ဒီစစ်ယာဉ်တန်းကိုလုံခြုံရေးပေးဖို့ချထားတဲ့ ကင်းပုံးတွေနဲ့ တော်လှန် ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာမို့ ခရီးသည်တဦးနဲ့ယာဉ်မောင်းတဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း အဲဒီလမ်းပိုင်းမှာ ကင်းပုံးဝပ်ဖို့အတွက် ခရီးသည်တင်ကားတွေကို တားဆီးတာ တွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook