သတင်း KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရ စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။ LuduNwayOoမတ် 21, 2023
သတင်း မင်းအောင်လှိုင် မုံရွာ(နမခ)ရောက်ရှိချိန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။ LuduNwayOoမတ် 20, 2023
သတင်း နေပြည်တော် ခမရ(၆၀၄)တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ စစ်တန်းလျားထိမှန်ဟု NUG ကာကွယ်ရေး အသိပေး မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoမတ် 18, 2023
သတင်း ပေါက်တောင်ပိုင်း ဒီးဒုတ်ကွင်းရွာရှိ စစ်အုပ်စုအား လက်နက်ကြီးဖြင့် ၂နာရီကြာပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၆၀ခန့်ရှိသော ဒီးဒုတ်ကွင်းရွာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ရော့ကတ်များမှာ မကွေးခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂) တောင်တွင်းကြီးတပ်ခွဲမှထုတ်လုပ်သော လက်နက်များအား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ LuduNwayOoမတ် 18, 2023
သတင်း ၃၅စီးပါ စစ်ကောင်စီယာဉ်တန်း လက်နက်ကြီးများပစ်ခတ်၍ မင်းတပ်သို့ဦးတည်လာနေဟု ဒေသခံပြော မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။ LuduNwayOoမတ် 16, 2023
သတင်း မုံရွာနမခကိုလက်နက်ကြီးဖြင့်၄၅မိနစ်ကြာပစ်ခတ်တိုက်ခိုက် စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Chindwin Attack Forceက ဆိုသည်။ LuduNwayOoမတ် 16, 2023
သတင်း မင်းတပ်နယ်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးများဖြင့်လည်း ရမ်းပစ်နေ ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။ LuduNwayOoမတ် 14, 2023
သတင်း တမူးမြို့တွင် ပျူခေါင်းဆောင်အသတ်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်နေ မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ LuduNwayOoမတ် 14, 2023
သတင်း KNU သထုံခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံး၊ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။ LuduNwayOoမတ် 9, 2023
သတင်း ရွှေကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်၍ ပြည်သူလေးဦး ထိမှန်ဒဏ်ရာရ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမတ် 9, 2023