Connect with us

Hi, what are you looking for?

သတင်း

မုံရွာနမခကိုလက်နက်ကြီးဖြင့်၄၅မိနစ်ကြာပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Chindwin Attack Forceက ဆိုသည်။

(မုံရွာနမခ အတွင်း အခမ်းအနားတစ်ခုပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်တပ်)
(မုံရွာနမခ အတွင်း အခမ်းအနားတစ်ခုပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်တပ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး​သေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက​ပြောသည်။

ယမန်နေ့ (မတ်လ ၁၄ ရက်နေ့) ည ၉ နာရီ ၁၅ မိနစ်ခန့်က စတင်ပြီး အနှောက်မြောက်တိုင်းစစ်ငှာနချုပ်ကိုလက်နက်ကြီးများဖြင့် ( ၄၅ ) မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Chindwin Attack Forceက ဆိုသည်။

“ခရိုင်ရုံးကိုထိတာ။ ခြောက်ကောင်သေတယ်။”ဟုအထက်ပါ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF ၊ တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ တပ်ရင်း – ၃ တပ်ခွဲ – ၄ ၊ တပ်ရင်း – ၄ တပ်ခွဲ – ၂ ခွေးသတ်မုဆိုး PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) နှင့် 9 – One People’s Defence Force PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၁၃ ရက်နေ့ကလည်း မုံရွာမြို့၊ GTC ကျောင်းဝင်ပေါက်ရှိ ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းPDFများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။