Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနမခကိုလက်နက်ကြီးဖြင့်၄၅မိနစ်ကြာပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Chindwin Attack Forceက ဆိုသည်။

(မုံရွာနမခ အတွင်း အခမ်းအနားတစ်ခုပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်တပ်)
(မုံရွာနမခ အတွင်း အခမ်းအနားတစ်ခုပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်တပ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး​သေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက​ပြောသည်။

ယမန်နေ့ (မတ်လ ၁၄ ရက်နေ့) ည ၉ နာရီ ၁၅ မိနစ်ခန့်က စတင်ပြီး အနှောက်မြောက်တိုင်းစစ်ငှာနချုပ်ကိုလက်နက်ကြီးများဖြင့် ( ၄၅ ) မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Chindwin Attack Forceက ဆိုသည်။

“ခရိုင်ရုံးကိုထိတာ။ ခြောက်ကောင်သေတယ်။”ဟုအထက်ပါ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF ၊ တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ တပ်ရင်း – ၃ တပ်ခွဲ – ၄ ၊ တပ်ရင်း – ၄ တပ်ခွဲ – ၂ ခွေးသတ်မုဆိုး PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) နှင့် 9 – One People’s Defence Force PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၁၃ ရက်နေ့ကလည်း မုံရွာမြို့၊ GTC ကျောင်းဝင်ပေါက်ရှိ ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းPDFများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။