Connect with us

Hi, what are you looking for?

သတင်း

၃၅စီးပါ စစ်ကောင်စီယာဉ်တန်း လက်နက်ကြီးများပစ်ခတ်၍ မင်းတပ်သို့ဦးတည်လာနေဟု ဒေသခံပြော

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

မကွေးတိုင်း ဆောမြို့နယ် ကျောက်အထုအမြောက် တပ်ရောက်ရှိနေသည့် စစ်ကောင်စီယာဉ် အစီး ၈၀ပါ ယာဉ်တန်းမှ ယာဉ် ၃၅စီးမှာ ယနေ့ ၂နာရီခွဲတွင် မင်းတပ်မြို့ဘက်သို့ လက်နက်ကြီးများပစ်ခတ်၍ ဦးတည် လာနေကြောင်း မင်းတပ်ဒေသခံက ပြောသည်။

ပခုက္ကူမြို့မှ ထွက်လာသည့် ယာဉ်အစီး ၈၀သည် မတ်လ ၁၂ရက်တွင် ဆောမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မတ်လ ၁၃ရက်တွင် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိခဲ့သည်။ ယင်းအနက်ယာဉ်အစီး ၃၀ကျော်သည် မတ်လ ၁၄ရက်တွင် ထီးလင်းမြို့ဘက်သို့ ထွက်ခွာသွားပြီး ယနေ့တွင် ယာဉ်အစီး ၃၀ကျော်မှာ မင်းတပ်မြို့သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

“ဖြေးဖြေးချင်းပဲ သွားကြတော့ (မင်းတပ်ကို) ညနေ မှောင်မှရောက်ကြမယ်ထင်တယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းက လက်နက်ကြီးများ ရမ်းပစ်ပြီးတက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ထုသို့ စစ်ယာဉ်တန်းများ ရောက်ရှိလာစဉ် မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ရမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ ဆောမြို့နယ်သို့ ဝင်ရောက်စဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းများဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

စစ်ကောင်စီယာဉ်တန်းများ ချင်းပြည်နယ်သို့ ဦးတည်နေ၍ မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)နှင့် မတူပီ CDFတို့က မင်းတပ် – မတူပီ လမ်းအား ပြည်သူများအနေဖြင့် အသုံးမပြုရန် အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook